ဒီနေ့ဟာ YouTube App ကို iOS Default App နေရာက ထုတ်ပစ်ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 06 August 2017

ဒီနေ့ဟာ YouTube App ကို iOS Default App နေရာက ထုတ်ပစ်ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 1440 Views

                သြဂုတ် ၆၊ ၂၀၁၂ ခုနှစ်မှာ iOS ပေါ်မှာ Default အဖြစ်မြင်တွေ့နေကြဖြစ်တဲ့ YouTube App ကို စတင်ထုတ်ပစ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ Apple ဟာ iOS 6 မတိုင်ခင်အထိ Google မှ YouTube နဲ့ Maps ကို Default App အဖြစ်အသုံးပြုခဲ့ပါတယ်။

                ဒါပေမဲ့ iOS 6 ထွက်လာခဲ့တဲ့အချိန်မှာ Apple ဟာ Navigation နဲ့ Location Service တွေအတွက် Google Maps အစား ကိုယ်ပိုင်ပြုလုပ်ထားတဲ့ Maps ကိုအစားထိုးသုံးစွဲခဲ့ပါတယ်။ iOS 6 Beta 4 မှာတော့ YouTube App ကို Default App နေရာကနေ လုံး၀ဖြုတ်ချပစ်ခဲ့ပါတယ်။

                Apple မှ ပြောကြားချက်အရ Google က YouTube ကို Default App အဖြစ်ထည့်သွင်းပေးဖို့လိုင်စင်ဟာ အဆုံးသတ်ခဲ့ပြီလို့ သိရှိခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး iOS မှာ YouTube ကို Browser ကနေမဟုတ်ပဲ App အနေနဲ့အသုံးပြုလိုတဲ့အခါ App Store ကနေပဲ Download ဆွဲခဲ့ရတာ ယနေ့ထိတိုင်ပါပဲ။

References
Tech Crunch Day In Tech History
About Author
Assinged Tags
Google Applications Youtube Google Maps Default Removed
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed