ဒီနေ့ဟာ အကြမ်းဖက်မှုအားပေးတဲ့ Video Games တွေရောင်းချမှုကို ရပ်တန့်ဖို့ ဥပဒေမူကြမ်းကို စတင်အကောင်အထည်ဖော်ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 25 July 2017

ဒီနေ့ဟာ အကြမ်းဖက်မှုအားပေးတဲ့ Video Games တွေရောင်းချမှုကို ရပ်တန့်ဖို့ ဥပဒေမူကြမ်းကို စတင်အကောင်အထည်ဖော်ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 300 Views

                ဇူလိုင် ၂၅၊ ၂၀၀၅ ခုနှစ်မှာ အကြမ်းဖက်မှုကိုအားပေးတဲ့ Video Games တွေကိုရောင်းချမှုကိုရပ်တန့်ဖို့ ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းကို တရား၀င်ဥပဒေအဖြစ် ပြဌာန်းနိုင်ဖို့ Illinois, United States မှ အုပ်ချုပ်ရေးမှုး Rod Blagojevich မှလက်မှတ်ရေးထိုးခဲ့တဲ့နေ့ဖြစ်ပါတယ်။ 

                ဥပဒေမူကြမ်းအရ Adult Rating နဲ့ အကြမ်းဖက်မှုအသားပေးဂိမ်းတွေကိုရောင်းချခဲ့ပါက ရောင်းချတဲ့သူအနေနဲ့ USD $1000 အထိဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ ချက်ချင်းဆိုသလိုပဲ Video Games Groups တွေကနေ Rod Blagojevich ရဲ့ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ပြောဆိုပြုမူနေထိုင်ခွင့်ကို ချိုးဖောက်တဲ့အတွက်ကြောင့် တရားပြန်လည်စွဲဆိုခဲ့ပါတယ်။

                ဒီဥပဒေကို United States ခရိုင်တရားရုံးမှ Illinois ရဲ့မြောက်ပိုင်းခရိုင်တရားသူကြီး Matthew Kennelly ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တဲ့အတွက် ပယ်ဖျက်ခဲ့ပါတယ်။

References
Day In Tech History
About Author
Assinged Tags
Game PC Game Violent Violent Videogames Ban
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed