Capcom ရဲ့ Monster Hunter World ဂိမ်းသစ်ကို E3 2017 ပွဲမှာ မိတ်ဆက်

date_range 13 June 2017

Capcom ရဲ့ Monster Hunter World ဂိမ်းသစ်ကို E3 2017 ပွဲမှာ မိတ်ဆက်

visibility 180 Views

                Capcom ရဲ့ နာမည်ကြီး Action RPG ဂိမ်း Series ဖြစ်တဲ့ Monster Hunter ဂိမ်းသစ်ကို Monster Hunter World နာမည်နဲ့ Sony ရဲ့ E3 2017 Press Conference မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ PSP နဲ့ PlayStation 3 (PS3) နောက်ပိုင်းမှာ အဆက်ပြတ်နေပြီဖြစ်တဲ့ Monster Hunter ကို အခုတော့ PS4 နဲ့ Xbox မှာ ပြန်လည်ဖြန့်ချီပေးမှာ ဖြစ်တဲ့အတွက် PlayStation Console သမားတွေအတွက်ကတော့ သတင်းကောင်းတစ်ခုပါပဲ။ 


                Monster Hunter ဂိမ်းကို PSP နဲ့ PS3 နောက်ပိုင်းမှာ ဆက်လက်မထွက်ရှိလာတော့ပဲ ၂၀၁၁ ကနေ စပြီး Nintendo 3DS နဲ့ Wii U မှာသာ တွေ့မြင်ရပါတော့တယ်။ Monster Hunter XX (Double Cross) ကိုလည်း Nintendo 3DS အတွက် March 18, 2017 မှာထွက်ရှိထားပြီး Nintendo Switch အတွက် Release Date ကို August 25, 2017 မှာ ထွက်ရှိမယ်လို့ သတ်မှတ်ပေးထားပါတယ်။  Monster Hunter XX ဟာ PlayStation သမားတွေအတွက် ထွက်ရှိလာမှာ မဟုတ်ပါဘူး။

                ဒါပေမဲ့ Monster Hunter World ဂိမ်းကိုတော့ PlayStation 4 (PS4), Xbox One နဲ့ PC ပေါ်မှာ ထွက်ရှိလာမှာဖြစ်ပြီး Nintendo အတွက်ကိုတော့ Capcom အနေနဲ့ ဘာမှ ပြောကြားခဲ့ခြင်းမရှိပါဘူး။ 

                Open World ပုံစံ အနည်းငယ်ဆန်ပြီး ကျယ်ပြန်လှတဲ့ မြေပုံမှာ လွတ်လွတ်လပ်လပ်လျှောက်သွားလို့ရပါတယ်။ Quests တွေအောင်မြင်ဖို့အတွက် Monster ကြီးတွေကို အမဲလိုက်၊ တိုက်ခိုက်၊ ဖမ်းယူရမှာပဲဖြစ်ပါတယ်။ Multiplayer အနေနဲ့လည်း Online ချိတ်ဆက်ပြီး အများဆုံးသုံးယောက်အထိ Party လုပ်ပြီး အတူတူ Monster တွေကိုဖမ်းယူနိုင်ပါသေးတယ်။

                PS4 အတွက် Monster Hunter World ဂိမ်းကို USD $60 နဲ့ရောင်းချပေးမှာဖြစ်ပြီး Xbox One နဲ့ PC Platform တွေအတွက်ကတော့ အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။ 

References
IGN
About Author
Assinged Tags
Nintendo Switch Sony PlayStation PS4 Nintendo PC Games PC Online Multiplayer Gaming Related Action Role Playing Game Multiplayer Multiplayer Game Xbox One PS4 Pro Monster Hunter Monster Hunter World Capcom Action RPG Game
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed