ဒီနေ့ဟာ Internet ထဲကို “Code Red” Computer Worm စတင်၀င်ရောက် တိုက်ခိုက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 13 July 2017

ဒီနေ့ဟာ Internet ထဲကို “Code Red” Computer Worm စတင်၀င်ရောက် တိုက်ခိုက်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 520 Views

                ဇူလိုင် ၁၃၊ ၂၀၀၁ ခုနှစ်မှာ “Code Red” လို့နာမည်ရတဲ့ Computer Worm ဟာ Internet ထဲကို စတင်၀င်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ ဒီ Computer Worm ဟာ Microsoft ရဲ့ Internet Information Services (IIS) Web Server ကို အဓိကထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

                ဒီ Computer Worm ဟာ ထိခိုက်မှုအမြောက်အများ မပြုလုပ်နိုင်ခဲ့ပေမဲ့ အချိန်တိုတိုအတွင်းမှာပဲ ပျံနှံ့မှုတဟုန်ထိုးမြင့်မားခဲ့တဲ့ Worm တစ်မျိုးဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက Windows NT နဲ့ Windows 2000 ရဲ့ Installation Process မှာ IIS Services ကို Default အနေနဲ့ အသုံးပြုလို့ရအောင်ပြုလုပ်ခဲ့တာမို့ Worm ပျံ့နှံ့ဖို့ လွယ်ကူခဲ့တာ ဖြစ်ပါတယ်။

                “Code Red” အနေနဲ့ Websites တွေကို (ပုံမှာပြထားတဲ့အတိုင်း) Deface လိုက်အုပ်ဖို့ကြိုးစားတာနဲ့ IIS အသုံးပြု Server တွေကို အသုံးပြုမရအောင် ဒုက္ခပေးဖို့အဓိကထားခဲ့တာမို့ ကွန်ပျုတာတွေနဲ့ တခြားသိမ်းဆည်းထားတဲ့ Local Files တွေကို ထိခိုက်မှုမရှိခဲ့ပါဘူး။  

References
This Day In Tech History Wikipedia
About Author
Assinged Tags
Microsoft Windows Malware Computer Worm Worm Microsoft Internet Information Services IIS
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed