ဒီနေ့ဟာ iTunes မှာ သန်း ၁၀၀မြောက်သီချင်းကို ရောင်းချခဲ့ရတဲ့နေ့ဖြစ်ပါတယ်

date_range 12 July 2017

ဒီနေ့ဟာ iTunes မှာ သန်း ၁၀၀မြောက်သီချင်းကို ရောင်းချခဲ့ရတဲ့နေ့ဖြစ်ပါတယ်

visibility 160 Views

                ဇူလိုင် ၁၂ ရက်၊ ၂၀၀၄ ခုနှစ်မှာ Apple ရဲ့ iTunes Store ကနေ သန်း ၁၀၀ မြောက်သီချင်းကို ရောင်းချနိုင်ခဲ့တဲ့နေ့ဖြစ်ပါတယ်။ သန်း ၁၀၀ မြောက်အဖြစ် ရောင်းချခဲ့တဲ့သီချင်းကတော့ Zero 7 ရဲ့ Somersault (Dangerous remix) ဖြစ်ပြီး၊ ဒီသီချင်းကို၀ယ်ယူခဲ့တဲ့သူကတော့ Kansas ပြည်နယ်က Kevin Britten ပဲဖြစ်ပါတယ်။

                Steve Jobs ကနေပြီး Britten ကို တိုက်ရိုက်ဖုန်းခေါ်ဆိုခဲ့ပြီး သန်း ၁၀၀ မြောက်သီချင်းကို၀ယ်ယူခဲ့တဲ့အတွက် ဂုဏ်ယူကြောင်းပြောကြားခဲ့ပါတယ်။ Britten အနေနဲ့လည်း Apple မှ လက်ဆောင်အဖြစ် ၁၇ လက်မ Powerbook, 40GB iPod တစ်လုံးနဲ့ iTunes မှ သီချင်း တစ်သောင်းရယူနိုင်တဲ့ Gift Certificate လေးတစ်ခုကိုပေးအပ်ခဲ့ပါတယ်။

                သန်း ၁၀၀ မြောက်သီချင်းကို iTunes Store ကနေရောင်းချခဲ့တဲ့အချိန်မှာ iTunes အနေနဲ့ တစ်နှစ်သားပဲရှိပါသေးတယ်။ iTunes Store ဖွင့်လှစ်ပြီး ငါးနှစ်ကြာခဲ့တဲ့အချိန်မှာလည်း သီချင်းတွေကိုအများဆုံးရောင်းချပေးနိုင်တဲ့ Store တစ်ခုအဖြစ် နာမည်ရရှိခဲ့ပါသေးတယ်။

References
Cult of Mac Day In Tech History
About Author
Assinged Tags
Apple Music Music Streaming Service Music 100 Millionth iTunes Store
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed