ဒီနေ့ဟာ Apple က Beats ကို စံချိန်တင် ဒေါ်လာ ၃ ဘီလီယံနဲ့ ဝယ်ယူခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 28 May 2017

ဒီနေ့ဟာ Apple က Beats ကို စံချိန်တင် ဒေါ်လာ ၃ ဘီလီယံနဲ့ ဝယ်ယူခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 2750 Views

                Apple ကုမ္ပဏီဟာ ၂၀၁၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ Beats Electronics နဲ့ Beats Music ကို စံချိန်တင် ဒေါ်လာ ၃ ဘီလီယံနဲ့ ဝယ်ယူလိုက်ကြောင်း ကြေငြာခဲ့ပါတယ်။ Apple သမိုင်းတစ်လျှောက် ကုမ္ပဏီတွေ အများအပြား ဝယ်ယူခဲ့တဲ့ အထဲမှာ Beats ကို ဝယ်ယူခဲ့တဲ့ စျေးနှုန်းက ယနေ့ထက်တိုင် အမြင့်ဆုံးစျေးနှုန်းအဖြစ် စံချိန်တင်ထားနိုင်ဆဲပါ။

                Apple ရဲ့ ဝယ်ယူမှုအပြီးမှာ Beats ကို ပူးတွဲတည်ထောင်ခဲ့သူတွေဖြစ်တဲ့ Dr.Dre နဲ့ Jimmy Iovine တို့လည်း Apple ကုမ္ပဏီကို ရောက်ရှိလာခဲ့ပါတယ်။

                ၂၀၁၅ ခုနှစ် WWDC ပွဲမှာ Apple Music ကို စတင်မိတ်ဆက်တဲ့အချိန်မှာတော့ Beats Music ကို တရားဝင် ရပ်ဆိုင်းပစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက Beats Music ကို Subscribe လုပ်ထားတဲ့သူတွေအနေနဲ့ သူတို့ရဲ့ Beats Music Account ၊ Playlists နဲ့ Songs တွေအကုန်လုံးကို Apple Music ဆီ  Subscription ရွှေ့ပြောင်းခွင့်ရခဲ့ပါတယ်။

References
Day in Tech History
About Author
Assinged Tags
Today Tech Apple Music Beats Electronics Beats Beats Music Apple Acquisitions
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed