ဒီနေ့ဟာ ပထမဦးဆုံး ဆက်သွယ်ရေး Satellite ဖြစ်တဲ့ Telstar 1 ကိုလွှင့်တင်ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 11 July 2017

ဒီနေ့ဟာ ပထမဦးဆုံး ဆက်သွယ်ရေး Satellite ဖြစ်တဲ့ Telstar 1 ကိုလွှင့်တင်ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 420 Views

                ဇူလိုင် ၁၀၊ ၁၉၆၂ ခုနှစ်မှာ NASA ကနေ ဦးဆောင်ပြီး ပထမဦးဆုံး ဆက်သွယ်ရေး Satellite “Telstar 1” ကိုလွှင့်တင်ခဲ့ပါတယ်။ Telstar 1 နဲ့ Telstar 2 ဟာ စမ်းသပ်လွှင့်တင်တဲ့ ဆက်သွယ်ရေး Satellite တွေဖြစ်ပြီး Telstar 2 ကိုတော့ မေ ၇၊ ၁၉၆၃ မှာ လွှင့်တင်ခဲ့ပါတယ်။

                Telstar 1 ဟာ အာကာသကနေပဲ ပထမဦးဆုံး Television ပုံရိပ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ၊ Telegraph ပုံရိပ်တွေ ရယူနိုင်ခဲ့တဲ့အပြင် TV ရုပ်သံထုတ်လွှင့်မှုကို ပြုလုပ်နိုင်တဲ့ ပထမဦးဆုံး Satellite တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ 

                Telstar 1 ဟာ စမ်းသပ်လွှင့်တင်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်းပဲ ဖေဖော်ဝါရီ ၂၁၊ ၁၉၆၃ ခုနှစ်မှာ အသုံးပြုမှုကို ရပ်တန့်ခဲ့ပါတယ်။ Telstar 1 နဲ့ 2 ကို ယနေ့အချိန်မှာ အသုံးမပြုတော့ပေမဲ့ ကမ္ဘာရဲ့ ဂြိုလ်ပတ်လမ်းမှာ အခုအချိန်ထိ လည်ပတ်နေဆဲပါပဲ။  

References
This Day In Tech History Wikipedia
About Author
Assinged Tags
NASA Satellite Space Communication telstar Communication Satellite
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed