အာကာသဆက်သွယ်မှု ပိုမိုမြန်ဆန်စေရေးအတွက် Laser Communication နည်းပညာသစ်ကို တီထွင်နေတဲ့ NASA

date_range 24 March 2017

အာကာသဆက်သွယ်မှု ပိုမိုမြန်ဆန်စေရေးအတွက် Laser Communication နည်းပညာသစ်ကို တီထွင်နေတဲ့ NASA

visibility 50 Views

                အရင်တုန်းကဆိုရင် အာကာသယာဉ်မှူးတွေဟာ ကမ္ဘာမြေနဲ့ ဆက်သွယ်ဖို့အတွက် Radio Frequency Communications စနစ်ကို အသုံးပြုခဲ့ပါတယ်။ အရင်တုန်းက ဆက်သွယ်ရေးစနစ်ဟောင်းဟာ အာကာသယာဉ်မှူးနဲ့ ကမ္ဘာမြေနဲ့ကြား အပြန်အလှန်ဆက်သွယ်ရုံအဆင့်သာရှိခဲ့ပေမယ့် ဒီနေ့ခေတ် Radio Frequency Communications စနစ်သစ်မှာတော့ အင်တာနက်ကိုပါ အသုံးပြုလို့ရနိုင်ပြီ ဖြစ်ပါတယ်။

                ဒါပေမယ့် ပြဿနာက လျှင်လျှင်မြန်မြန် မဆက်သွယ်နိုင်တာပါ။ ဒီတော့ NASA အနေနဲ့ အာကာသဆက်သွယ်ရေးနည်းပညာသစ်ကို တီထွင်ကြံဆရပါပြီ။ ဒီနည်းပညာသစ်မှာတော့ အရင်လို Radio Frequency ကိုမသုံးတော့ပဲ Laser ကိုအသုံးပြုတော့မှာ ဖြစ်ပါတယ်။

                ဒီနည်းပညာသစ်ကို အထူးစီမံချက်ချမှတ်ထားပြီး တီထွင်မှာဖြစ်ပါတယ်။ ဒီစီမံချက်ကို Laser Communications Relay Demonstration (အတိုကောက်ကတော့ LCRD ဖြစ်ပါတယ်) စီမံချက်လို့ အမည်ပေးထားပြီး NASA ကအဖွဲ့သားတွေဟာ ၂၀၁၉ ခုနှစ်မှာ ပြီးစီးအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်လို့ US Space Agency ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

                Laser နည်းပညာကို အသုံးပြုမှာဖြစ်တာကြောင့် NASA ဟာ Laser Comunications System ရဲ့အဓိကသော့ချက်တွေကို နားလည်သွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ အာကာသနဲ့ ကမ္ဘာမြေနဲ့ကြားက Data Transfer Rate တွေ မြင့်တက်လာမှာဖြစ်ပါတယ်။

LCRD မစ်ရှင်ကိုဦးဆောင်မယ့် NASA က Steve Jurczyk ကတော့

“LCRD မစ်ရှင်ဟာ ကမ္ဘာမြေနဲ့ အာကာသနဲ့ကြားထဲ အကွာအဝေးဘယ်လောက်ပဲဖြစ်ပါစေ အဆင်ပြေပြေဆက်သွယ်လို့ရရှိနိုင်မယ့် Laser ကို အသုံးပြုထားတဲ့ ဆက်သွယ်ရေးနည်းပညာသစ်တစ်ခုကို တီထွင်မယ်ဆိုတာ NASA က ကြိုပြီးတွေးတောထားတာတွေထဲက တစ်ခုပါ။ ဒီနည်းပညာသစ်ဟာ အာကာသဆက်သွယ်ရေးစနစ်ကြီးတစ်ခုလုံးကို ပြောင်းလဲပစ်မှာဖြစ်ပါတယ်။ ကျနော်တို့ဟာ Human Exploration and Operations Mission Directorate ရဲ့ Space Communications and Navigation Program Office၊ MIT ရဲ့ Lincoln Labs၊ US Air Force တို့နဲ့ ပူးပေါင်းလုပ်ကိုင်ရမှာ ဖြစ်တာကြောင့် အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်”

လို့ ပြောကြားခဲ့ပါတယ်။

                Laser Communication ကို Optical Communication လို့လည်းခေါ်ပြီး၊ သတင်းအချက်အလက်တွေကို Laser အလင်းတန်းနဲ့အတူ သယ်ဆောင်မှာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် အလုပ်လုပ်ပုံက အခုလက်ရှိ အသုံးပြုနေတဲ့ Fibre Optic Cable နဲ့ အတူတူပါပဲ။ ဒါပေမယ့် ကြိုးတော့မပါဘူးပေါ့။

                ဒီနည်းပညာရဲ့ Data Transfer Rate ဟာ RF နည်းပညာထက် ၁၀ ဆ ကနေ၊ အဆ ၁၀၀ အထိ ပိုမိုမြန်ဆန်မှာဖြစ်ပြီး အသုံးပြုရတဲ့ ပစ္စည်းတွေဟာလည်း ပိုပြီးသေးငယ်၊ ပိုပြီးပေါ့ပါးတာကြောင့် အာကာသယာဉ်ပေါ်မှာ နေရာမယူတော့တဲ့အပြင် အာကာသထဲကို ခရီးအကြာကြီးသွားရတဲ့ အခါမျိုးမှာလည်း အရမ်းကိုအဆင်ပြေသွားမှာ ဖြစ်ပါတယ်။

NASA ရုံးချုပ်က Don Cornwell ကတော့

“ဒီနည်းပညာသစ်ကို အာကာသထဲမှာ အချိန်အကြာကြီး အသုံးပြုလို့ရနိုင်အောင် လုပ်ထားပါတယ်။ နိုင်ငံတကာအာကာသစခန်း (ISS) အတွက်လည်း Terminal တစ်ခု တည်ဆောက်သွားဦးမှာဖြစ်ပြီး တစ်စက္ကန့်ကို 1GB နှုန်းရှိတဲ့ Data Transfer Rate နဲ့ ကမ္ဘာမြေပြင်ကို ဆက်သွယ်နိုင်မှာပါ။ ဒီ Terminal ကို ISS မှာ ၂၀၂၁ ခုနှစ်မှာ တပ်ဆင်နိုင်မှာ ဖြစ်ပါတယ်”

လို့လည်း ပြောကြားခဲ့ပါသေးတယ်။

References
Gadgets 360
About Author
Assinged Tags
Space Travel NASA Internet Space Communication Fibre Optic International Space Station
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed