SpaceX နဲ့ NASA တို့ ပူးပေါင်းပြီး မားစ်ဂြိုလ်ပေါ်မှာ လွန်းပျံယဉ်တွေဆင်းသက်နိုင်မယ့် နေရာတွေကိုရှာဖွေနေ

date_range 23 March 2017

SpaceX နဲ့ NASA တို့ ပူးပေါင်းပြီး မားစ်ဂြိုလ်ပေါ်မှာ လွန်းပျံယဉ်တွေဆင်းသက်နိုင်မယ့် နေရာတွေကိုရှာဖွေနေ

visibility 200 Views

                အမေရိကန်နိုင်ငံအခြေစိုက် လေယာဉ်နှင့်အာကာသနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ SpaceX ဟာ NASA နဲ့ ပူးပေါင်းပြီး မားစ်ဂြိုလ်ပေါ်မှာ လွန်းပျံယာဉ်တွေ လွယ်လွယ်ကူကူ ဆင်းသက်နိုင်မယ့် အကောင်းဆုံးနေရာတွေကို ရှာဖွေနေတယ်လို့ သိရှိရပါတယ်။

SpaceX က Paul Wooster ကတော့ ဒီကိစ္စနဲ့ပက်သက်ပြီး

“ကျနော်တို့ SpaceX က သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ NASA ရဲ့ Jet Propulsion Laboratory က သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ တခြားတစ်နေရာ (အတိအကျ မပြောသွားပါဘူး) က ကျွမ်းကျင်သူတွေ ပူးပေါင်းပြီး လာမယ့်အနာဂါတ်မှာ လွန်းပျံယာဉ်တွေ လွယ်ကူစွာဆင်းသက်နိုင်မယ်လို့ထင်ရတဲ့ နေရာတစ်ချို့ကို အသိအမှတ်ပြုလိုက်နိုင်ပါတယ်။ အဲ့ဒီ့ထဲမှာ နေရာတစ်နေရာကတော့ တော်တော်လေးကို အဆင်ပြေပါတယ်”

လို့ SpaceNews ကို ဖြေကြားထားပါတယ်။

                Wooster ပြောပုံအရ ဒီလိုမျိုး လွန်းပျံယာဉ်ဆင်းသက်နိုင်မယ့် နေရာတွေကို ရွေးချယ်တာဟာ ရေခဲတွေအများကြီးရှိရမယ်၊ လူတွေလည်း အခြေချနေထိုင်လို့ရ ရမယ်စတဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး ရွေးချယ်တာဖြစ်တယ်လို့ သိရှိရပါတယ်။

Wooster ကပဲဆက်လက်ပြီး

“ရွေးချယ်ရာမှာ နောက်ထပ်ထည့်တွေးရတဲ့အချက်တွေကတော့ Equator နီးရဲ့လား၊ နေအပူချိန် လုံလုံလောက်လောက် ရရှိနိုင်ရဲ့လား (ဒီအချက်ကတော့ ရေခဲတွေကြောင့် နည်းနည်းခက်ခဲပါတယ်)၊ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။ အခုလောလောဆယ် ကျနော်တို့ Focus လုပ်ပြီး ရှာနေတဲ့နေရာ ၄ နေရာရှိပါတယ်။ အဲ့ဒီ့ ၄ နေရာဟာ Equator နဲ့ ၄၀ ဒီဂရီလောက် ဝေးကွာပါတယ်။ မားစ်ရဲ့ မြောက်ဝင်ရိုးစွန်းမှာတော့ လွန်းပျံယာဉ်ဆင်းသက်လို့ အဆင်ပြေမယ့် နေရာ ၄ နေရာလောက်ကို အသိအမှတ်ပြုလိုက်နိုင်ပါပြီ”

လို့ ပြောခဲ့ပါတယ်။

                Wooster ဟာ SpaceX ရဲ့ Dragon ဆိုတဲ့ Spacecraft Guidance, Navigation And Control Systems တွေကို ဦးစီးကြီးကြပ်နေသူတစ်ဦးဖြစ်သလို၊ ကုမ္ပဏီက ချမှတ်ထားတဲ့ မားစ်အတွက် အဆင့်မြင့်အစီအစဉ်တွေအတွက်လည်း အလုပ်လုပ်နေသူတစ်ဦး ဖြစ်ပါတယ်။

“SpaceX က အာကာသပို့ဆောင်ဆက်သွယ်ရေး ကုမ္ပဏီပါ။ ကျနော်တို့ လွန်းပျံယဉ်တွေက အာကာသစခန်းတွေကို ပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးမှာပါ။ မားစ်ပေါ်ကို ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးဖို့အတွက် ကျနော်တို့အရမ်းပျော်ရွှင်နေပါတယ်”

လို့လည်း Wooster က ပြောကြားခဲ့ပါသေးတယ်။

                SpaceX ရဲ့ Red Dragon လွန်းပျံယာဉ်တွေဟာ ၁ တန်အလေးချိန်ရှိတဲ့ ပစ္စည်းတွေကို မားစ်ပေါ်ထိရောက်အောင် ပို့ဆောင်ပေးနိုင်မှာပါ။ ပထမဆုံး Red Dragon လွန်းပျံယာဉ်ကို ၂၀၂၀ ခုနှစ် အလယ်ပိုင်းလောက်မှာ လွှင့်တင်နိုင်မှာပါ။

References
Gadgets 360
About Author
Assinged Tags
SpaceX Space Travel NASA Mars Space Transportation Red Dragon
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed