ဒီနေ့ဟာ IBM မှ Lotus Development ကို၀ယ်ယူခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 06 July 2017

ဒီနေ့ဟာ IBM မှ Lotus Development ကို၀ယ်ယူခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 160 Views

                ဇူလိုင် ၆၊ ၁၉၉၅ ခုနှစ်မှာ IBM မှ Lotus Development Corporation ကို USD $3.5 Billion နဲ့ ၀ယ်ယူခဲ့ပါတယ်။ Lotus ကုမ္ပဏီမှာ Lotus 1-2-3 Spreadsheet Software နဲ့ Lotus Notes ဆိုတဲ့ Client-Server Groupware တွေကို ထုတ်လုပ်ပေးနေတဲ့ Software Corporation တစ်ခုလည်းဖြစ်ပါတယ်။

               ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ Microsoft Excel ရဲ့  လွှမ်းမိုးလာမှုကို IBM မှ အဓိကထားပြိုင်ဆိုင်နိုင်ဖို့ Lotus 1-2-3 Spreadsheet Software ကို ထုတ်လုပ်ပေးနေတဲ့ Lotus Corporation ကို၀ယ်ယူခဲ့ရခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီအချိန်မှာကတည်းက Microsoft Excel ရဲ့လွှမ်းမိုးမှုဒဏ်မခံနိုင်ပဲ စျေးကွက်ဝေစုကျဆင်းနေတဲ့ Lotus 1-2-3 အနေနဲ့ IBM လက်အောက်မှာလည်း ကြာကြာမခံခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်မှာ IBM ကနေ Lotus 1-2-3 အတွက် Software Support ကိုရပ်တန့်ပစ်ခဲ့ရပါတယ်။

                Lotus Notes Groupware အနေနဲ့တော့ Microsoft Exchange ကိုအနည်းငယ်ပြိုင်ဆိုင်နိုင်ခဲ့ပြီး အခုထက်ထိလည်း IBM Notes ဆိုတဲ့နာမည်နဲ့ ဆက်လက်ရပ်တည်နေဆဲပါပဲ။ ဒါပေမဲ့လည်း Microsoft Exchange လောက်တော့ နာမည်သိပ်မရှိပါဘူး။

References
This Day In Tech History
About Author
Assinged Tags
IBM Lotus Lotus Development Corporation Lotus 1-2-3 Lotus Notes
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed