ဒီနေ့မှာ Microsoft ဟာ Corporation တစ်ခုဖြစ်လာခဲ့ပြီး 86-DOS ကို၀ယ်ယူဖို့ စတင်ကမ်းလှမ်းခဲ့ပါတယ်

date_range 25 June 2017

ဒီနေ့မှာ Microsoft ဟာ Corporation တစ်ခုဖြစ်လာခဲ့ပြီး 86-DOS ကို၀ယ်ယူဖို့ စတင်ကမ်းလှမ်းခဲ့ပါတယ်

visibility 380 Views

                ဇွန်လ ၂၅၊  ၁၉၈၁ ခုနှစ်မှာ Microsoft ကုမ္ပဏီကို Microsoft Corporation တစ်ခုအဖြစ် ပြောင်းလဲခဲ့ပြီး Bill Gates ဟာ Microsoft Corporation ရဲ့ President ဖြစ်လာခဲ့ပါတယ်။ Paul Allen ကတော့ Vice President အဖြစ်တာ၀န်ယူခဲ့ပြီး Steve Ballmer ဟာ နှစ်စဉ်လစာ USD $50,000 ခံစားခွင့်ရှိတဲ့ Full-time ၀န်ထမ်းတစ်ယောက်အဖြစ် ၀င်ရောက်လာခဲ့ပါတယ်။

                Microsoft Corporation အဖြစ် ပြောင်းလဲအပြီးမှာပဲ Paul Allen ကနေ Seattle Computer Products ရဲ့ အဓိကအဖွဲ့၀င်တစ်ယောက်ဖြစ်တဲ့ Rod Brock အား 86-DOS (Disk Operating System) ရဲ့ မူပိုင်ခွင့်တွေအားလုံးကို USD $30,000 နဲ့၀ယ်ယူဖို့ကမ်းလှမ်းခဲ့ပါတယ်။ IBM နဲ့ အဆက်အသွယ်ရှိတဲ့ Microsoft Corporation ဟာ 86-DOS ကိုအသုံးပြုပြီး IBM PC လိုင်စင်ပြန်တင်ဖို့နဲ့ MS-DOS (Microsoft Disk Operating System) အဖြစ် ပြောင်းလဲဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

                လပေါင်းများစွာ 86-DOS ရဲ့ ပိုင်ဆိုင်မှုကိစ္စကို ညှိနှိုင်းပြီးတဲ့အခါ Seattle Computer Products ကနေ 86-DOS ကို USD $50,000 နဲ့ Microsoft ကိုရောင်းချဖို့သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ IBM နဲ့ အဆက်အသွယ်ရှိပြီး Microsoft ရဲ့နောက်ထပ် လှမ်းမယ့်ခြေလှမ်းကို အနည်းငယ်မြင်ပြီးသွားတဲ့အခါမှာတော့ Seattle Computer Products က USD $1 Million အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

References
Day In Tech History
About Author
Assinged Tags
Microsoft PC IBM MS-DOS DOS Seattle Computer Products
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed