ပါဝါသုံးစွဲမှုကို ၇၅ ရာခိုင်နှုန်းအထိ သက်သာစေမယ့် ကမ္ဘာ့ပထမဆုံး 5nm Chip ကို IBM ထုတ်ဖော်ပြသ

date_range 08 June 2017

ပါဝါသုံးစွဲမှုကို ၇၅ ရာခိုင်နှုန်းအထိ သက်သာစေမယ့် ကမ္ဘာ့ပထမဆုံး 5nm Chip ကို IBM ထုတ်ဖော်ပြသ

visibility 600 Views

                IBM Company နဲ့ မိတ်ဖက် Company များဖြစ်တဲ့ Samsung နှင့် Qualcomm, AMD နှင့်အခြား Chipset များကိုထုတ်လုပ်ပေးနေတဲ့ GlobalFoundaries တို့က နောင်ဖုန်းတွေ၊ Mobile Devices တွေကို မောင်းနှင်ပေးမယ့် 5nm Chip ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ 

                လွန်ခဲ့တဲ့ ၂နှစ်ခန့်ကလည်း IBM က 7nm chip ကို ကြေငြာခဲ့ပြီး Samsung ကဲ့သို့ Mobile Phone ဖုန်းထုတ်လုပ်သူတွေက နောက်နှစ်မှာစပြီး 7nm chip ကိုပဲအသုံးပြုသွားမှာဖြစ်ပါတယ်။ 

                ယခု 5nm chip မှာ ပုံမှန်သုံးနေကြ FinFET Transistors တွေကို မသုံးတော့ပဲ Architecture အသစ်ဖြစ်တဲ့ "gate-all-around" transistor (GAAFET) ကိုပြောင်းလဲအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ FinFET Transistors တွေကို 5nm အထိချူံပြီးတည်ဆောက်နိုင်ပေမယ့် Architecture Design အရ Performance ကိုမတိုးလာစေတဲ့အတွက် "gate-all-around" transistor (GAAFET) ကိုအသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ "gate-all-around" transistor က FinFET Architecture ထက်ပိုပြီး ရိုးစင်းတဲ့အတွက် 3nm အထိ ချူံပြီးအသုံးပြုနိုင်မှာပါ။ 

                အခုကြေငြာလိုက်တဲ့ 5nm chip အသစ်တွေဟာ လက်ရှိ 10nm Chipset တွေထက် ၄၀ ရာခိုင်နှုန်း ပိုမြန်လာမှာဖြစ်ပြီး Performance တူညီတယ်ဆိုရင်တောင် ၇၅ ရာခိုင်နှုန်းခန့် ပါဝါစားသက်သာမှာဖြစ်ပါတယ်။ 

                IBM ကတော့ နောက်မကြာတော့တဲ့အချိန်အတွင်းမှာ 5nm chip တွေကို စတင်ထုတ်လုပ်ရောင်းချနိုင်တော့မယ်လို့ ပြောကြားခဲ့ပါတယ်။

References
The Verge Zdnet
About Author
Assinged Tags
Samsung Qualcomm IBM AMD 5nm Chip
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed