Atom တစ်လုံးထဲမှာတင် Data သိမ်းထားနိုင်မယ့် နည်းလမ်းသစ်ကို တွေ့ရှိခဲ့တဲ့ IBM

date_range 12 March 2017

Atom တစ်လုံးထဲမှာတင် Data သိမ်းထားနိုင်မယ့် နည်းလမ်းသစ်ကို တွေ့ရှိခဲ့တဲ့ IBM

visibility 3550 Views

                ဒီသတင်းဟာ ဒီအပါတ်ဗုဒ္ဓဟူးနေ့ထုတ် Nature ဆိုတဲ့ သိပ္ပံနှင့်နည်းပညာဂျာနယ်မှာ Silicon Valley မှာတည်ရှိတဲ့ IBM ရဲ့ Almaden Lab ကနေ တွေ့ရှိခဲ့တယ်ဆိုပြီး ပါရှိလာတာဖြစ်ပါတယ်။ ဒီတွေ့ရှိမှုဟာ လာမယ့်နှစ်တွေမှာ ကျနော်တို့၊ ခင်ဗျားတို့တွေ အားလုံးရဲ့ Data သိမ်းတဲ့ ပုံစံကိုပါ ပြောင်းလဲစေနိုင်ပါတယ်။

                သာမန် Hard Drive တစ်လုံးဟာ 1 Bit လောက်ပဲရှိတဲ့ Data ကိုသိမ်းဆည်းဖို့အတွက် Atom ပေါင်းတစ်သိန်းလောက် လိုအပ်ပါတယ်။ အခု IBM က ရှာဖွေတွေ့ရှိခဲ့တဲ့ နည်းလမ်းအသစ်မှာတော့ 1 Bit ရှိတဲ့ Data ကိုသိမ်းဆည်းဖို့အတွက် Atom တစ်လုံးတည်းသာ လိုအပ်မှာဖြစ်ပါတယ်။

                ဒီနည်းကိုအသုံးပြုပြီး iTunes မှာရှိတဲ့ သီချင်းတွေ (သီချင်းအပုဒ်ရေ သိန်း ၄၀ နီးပါးရှိပါတယ်) အကုန်လုံးကို Credit Card လောက်ပဲရှိတဲ့ အရွယ်အစားရှိတဲ့ Storage Device ထဲမှာ သိမ်းဆည်းလို့ရမှာ ဖြစ်တဲ့အတွက် ဒီတွေ့ရှိမှုဟာ Atomic-Computing ဆီကို တက်လှမ်းနိုင်တဲ့ လှေကားထစ်တစ်ခုပဲ ဖြစ်ပါတယ်။

IBM ရဲ့ Almaden Lab က Nanoscience လေ့လာသူ Christopher Lutz ကတော့

“ကျနော်တို့ ဒီလိုစမ်းသပ်မှုမျိုး လုပ်တယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး။ နည်းပညာကို Atomic Scale ထိအောင် ချုံ့ကြည့်ရင် ဘာတွေဖြစ်လာမလဲဆိုပြီး ဒီစမ်းသပ်မှုကို လုပ်ခဲ့တာပါ။ ယခုတွေ့ရှိထားတဲ့ နည်းပညာကြောင့် ကျနော်တို့၊ ခင်ဗျားတို့တွေ အကုန်လုံး Storage မလောက်လို့ File အဟောင်းတွေ ဖျက်ပစ်ရတာမျိုးမရှိတဲ့ အနာဂါတ်တစ်ခုကို စိတ်ကူးယဥ်ကြည့်မိပါတယ်”

လို့ ပြောခဲ့ပါတယ်။

References
Gadgets 360
About Author
Assinged Tags
Hard Drive IBM Silicon Valley Almaden Lab Atomic Computing iTunes
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed