ဒီနေ့ဟာ ပထမဦးဆုံး Macro Virus “Concept” စတင်ပျံ့နှံ့ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 05 July 2017

ဒီနေ့ဟာ ပထမဦးဆုံး Macro Virus “Concept” စတင်ပျံ့နှံ့ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 260 Views

                ဇူလိုင်လ ၅၊ ၁၉၉၅ ခုနှစ်မှာ Microsoft Office ထုတ်ကုန်တွေကိုဦးတည်ထားတဲ့ ပထမဦးဆုံး Macro Virus “Concept” စတင်ပျံ့နှံ့ခဲ့တဲ့နေ့ဖြစ်ပါတယ်။ Macro ဆိုတာ Microsoft Word ထဲမှာ လုပ်ဆောင်ချက်အချို့ကို အသုံးပြုသူကနေ ထပ်ခါထပ်ခါလုပ်နေစရာမလိုအောင် အလွယ်တကူဖန်တီးပေးထားနိုင်တဲ့ Plug-In ပုံစံတစ်မျိုးပါပဲ။

                Macro တွေဟာ Executable အနေနဲ့လည်းအသုံးပြုလို့ရပြီး Malware အနေနဲ့ပါတိုက်ခိုက်လို့ရတယ်ဆိုတာကို “Concept” က သက်သေပြခဲ့ပါတယ်။ ဒီ “Concept” Virus ဟာ ကုမ္ပဏီအချို့မှ ဖြန့်ချိခဲ့တဲ့ Software CD တွေထဲကနေ စတင်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

                “Concept” အနေနဲ့ ကူးစက်ခံရတဲ့ကွန်ပျုတာတိုင်းမှာ Document တွေကိုဖွင့်တာနဲ့ NORMAL.DOT ဆိုတဲ့ Template ကိုစစ်ဆေးပြီး “Concept” ထဲမှာပါ၀င်တဲ့ FileSaveAs နဲ့ PayLoad Macro တွေ ရှိ၊ မရှိစစ်ဆေးပါတယ်။ မရှိဘူးဆိုရင် “Concept” ထဲမှ Macro တွေဖြစ်တဲ့ AAAZAO, AAAZFS, AutoOpen, FileSaveAs နဲ့ PayLoad စတာတွေကို ဖွင့်လိုက်တဲ့ Document ထဲမှာ အလိုအလျောက်ကူးထည့်ပေးလိုက်ပါတယ်။ Document တွေ များများဖွင့်တာနဲ့ ဒီ Macro Virus ကူးစက်မှုဒဏ်ပိုမိုခံရမှာပါ။

                “Concept” Macro Virus ဟာ Computer တွေအပေါ်မှာထိခိုက်မှုကြီးကြီးမားမားမရှိခဲ့ပေမဲ့ ၁၉၉၇ ခုနှစ်ကုန်မှာ ကွန်ပျုတာပေါင်း ၃၅၀၀၀ ခန့်အထိ ကူးစက်ပျံ့နှံ့ခဲ့တယ်လို့ Virus Encyclopedia ရဲ့ သုတေသနပြုချက်တစ်ခုအရ သိရှိရပါတယ်။

References
Day In Tech History Virus Encyclopedia
About Author
Assinged Tags
Microsoft Microsoft Office Microsoft Word Microsoft Excel Macro Macro Virus Concept Macro Virus
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed