ဒီနေ့ဟာ ပထမဦးဆုံး Web-Based “Hotmail” စတင်ဖြစ်ပေါ်လာတဲ့နေ့ဖြစ်ပါတယ်

date_range 05 July 2017

ဒီနေ့ဟာ ပထမဦးဆုံး Web-Based “Hotmail” စတင်ဖြစ်ပေါ်လာတဲ့နေ့ဖြစ်ပါတယ်

visibility 280 Views

                ဇွန်လ ၄ ရက်၊ ၁၉၉၆ ခုနှစ်မှာ Website မှအသုံးပြုနိုင်တဲ့ ပထမဦးဆုံး Web-Based Email Service အဖြစ် Hotmail ကို Sabeer Bhatia နဲ့ Jack Smith မှ စတင်တည်ထောင်ခဲ့ပါတယ်။ Hotmail ကိုစတင်တည်ထောင်ခဲ့တုန်းက “HoTMaiL” ဆိုပြီး HTML ကိုယ်စားပြုတဲ့အနေနဲ့ နာမည်ပေးခဲ့ကြပါတယ်။ 

                Web-Based Email မပေါ်ခင်တုန်းက Email Service ကို Internet Service Providers (ISP) မှတဆင့် သက်ဆိုင်ရာ Mail Client နဲ့အသုံးပြုခဲ့ရပါတယ်။ Hotmail အနေနဲ့ စ တင်ထွက်ရှိလာကတည်းက ဘယ်နေရာရောက်ရောက် Website မှတဆင့် ကိုယ့် Email ကိုအသုံးပြုလို့ရစေမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။ 

                Hotmail မှာ စတင်ထွက်ရှိလာကတည်းက Features ပေါင်းများစွာပါ၀င်ခဲ့ပြီး အထူးခြားဆုံးအနေနဲ့ကတော့ Email တစ်ခုကို ဘယ်လောက် MB ပဲအသုံးပြုလို့ရမယ်ဆိုပြီး သတ်မှတ်ထားတာမျိုးမရှိပဲ Unlimited Storage အသုံးပြုလို့ရခဲ့တာပါ။

                Hotmail ကို ဒီဇင်ဘာလ ၁၉၉၇ ခုနှစ်မှာ Microsoft ကနေ USD $400 Million နဲ့၀ယ်ယူခဲ့ပြီး MSN Hotmail အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Windows Live Suite ထဲမှာ Windows Live Hotmail ဆိုပြီးဆက်လက်မြင်တွေ့ခဲ့ရပါတယ်။ 

                Microsoft ကနေ Hotmail ကို Google မှ Gmail နဲ့ Yahoo ကုမ္ပဏီမှ Yahoo Mail နဲ့အပြိုင်အဆိုင်ပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့ပြီး၊ ယနေ့ထက်ထိတိုင်အောင် Outlook နာမည်နဲ့ Web Mail Service ကိုမြင်တွေ့နေရတုန်းပါပဲ။

References
Day In Tech History
About Author
Assinged Tags
Microsoft Email Service Outlook Email Microsoft Outlook Email Client Microsoft Hotmail Hotmail MSN Hotmail
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed