ဒီနေ့ဟာ Internet ဖြစ်ပေါ်လာဖို့ အစပြုခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 04 July 2017

ဒီနေ့ဟာ Internet ဖြစ်ပေါ်လာဖို့ အစပြုခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 480 Views

                ဇွန်လ ၃၊ ၁၉၆၉ ခုနှစ်မှာ University of California, Los Angeles (UCLA) မှာ Computer တွေကိုချိတ်ဆက်ပြီး Time-Sharing System ကိုအသုံးပြုနိုင်တဲ့ ပထမဦးဆုံး Network Measurement Center ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပါတယ်။ UCLA မှာရှိတဲ့ Computer ကနေ SRI International မှာရှိတဲ့ Computer သို့ Network အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ပြီး၊ ပထမဦးဆုံး Network Station အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

                Network တစ်ခုကို ဒီလိုမျိုးချိတ်ဆက်နိုင်တာဟာ Computer Technology အတွက် အရေးကြီးတဲ့တိုးတက်ပြောင်းလဲမှုတစ်ခုဖြစ်လာမယ်လို့လည်းဆိုပါတယ်။ ဒီလိုချိတ်ဆက်မှုဟာ အနာဂတ်မှာ တကယ့်ကို တိုးတက်ပြောင်းလဲမှုအတွက် လမ်းစတစ်ခု ဖြစ်တည်ခဲ့တာပါပဲ။ 

                ယနေ့ခေတ် လူငယ်နဲ့လူကြီးအတော်များများ အင်တာနက်ကို စမတ်ဖုန်းနဲ့ပါ အလွယ်တကူအသုံးပြုနိုင်တဲ့အထိ တိုးတက်ပြောင်းလဲလာခဲ့ပါပြီ။ Data နဲ့ သတင်းအချက်အလက်တွေကို တစ်နေရာကနေ တစ်နေရာကို ဘယ်လောက်ပဲဝေးဝေး စာလေးတစ်ကြောင်း စမတ်ဖုန်းပေါ်မှာရိုက်လိုက်တာနဲ့ တစ်ဖက်ကအသုံးပြုသူရဲ့ စမတ်ဖုန်းပေါ်မှာ ချက်ချင်းသွားပေါ်နိုင်တဲ့အထိ Network ချိတ်ဆက်မှုတွေလည်းမြန်ဆန်လာခဲ့ပါတယ်။

References
This Day In Tech History
About Author
Assinged Tags
Internet University of California Los Angeles UCLA Time Sharing
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed