Speedtest Awards မှာ မြန်မာနိုင်ငံရဲ့ အမြန်ဆုံး မိုဘိုင်းအင်တာနက်ကွန်ရက်ဆုကို ရရှိခဲ့တဲ့ MPT

date_range 24 March 2017

Speedtest Awards မှာ မြန်မာနိုင်ငံရဲ့ အမြန်ဆုံး မိုဘိုင်းအင်တာနက်ကွန်ရက်ဆုကို ရရှိခဲ့တဲ့ MPT

visibility 700 Views

                အင်တာနက်အသုံးပြုသူတိုင်း အားထားရတဲ့ Speedtest.net က ပေးအပ်တဲ့ ၂၀၁၆ ခုနှစ်အတွက် Speedtest Awards မှာ မြန်မာနိုင်ငံရဲ့ အမြန်ဆုံးမိုဘိုင်းအင်တာနက်ဆုကိုတော့ MPT ( Myanmar Posts and Telecommunications) က ဆွတ်ခူးရရှိသွားခဲ့ပါတယ်။

                Speedtest.net ကို ပိုင်ဆိုင်တဲ့ Ookla အဖွဲ့အစည်းကနေ မြန်မာနိုင်ငံက Operators တစ်ခုချင်းစီရဲ့ မိုဘိုင်းအင်တာနက်မြန်နှုန်းတွေကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လကနေ ဒီဇင်ဘာလအထိ ၆ လကျော်ကြာ တိကျတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးခဲ့တဲ့ အမြန်နှုန်းရလဒ်ပေါ် မူတည်ပြီး ယခုဆုကို ပေးအပ်ခဲ့တာပါ။

                မြန်မာနိုင်ငံက မိုဘိုင်း Operator သုံးခုထဲမှာ MPT က Download Speed ကော Upload Speed ပါ အမြန်ဆုံးဖြစ်ပြီး၊ Download Speed 7.40 Mbps နဲ့ Upload Speed 2.71 Mbps အထိ ရရှိနေတာ တွေ့ရပါတယ်။

                MPT နောက်မှာတော့ Ooredoo က Download Speed 6.33 Mbps နဲ့ Upload Speed 1.53 Mbps နဲ့ ဒုတိယနေရာ ရရှိနေပြီး၊ Telenor ကတော့ Download Speed 5.87 Mbps နဲ့ Upload Speed 2.32 Mbps နဲ့ တတိယနေရာက ရပ်တည်နေပါတယ်။


                ဒီသုံးစွဲသူဗဟိုပြုစမ်းသပ်မှုများကို အချိန်အတိုင်းတာတစ်ခုအတွင်း နိုင်ငံတစ်ဝှမ်းလုံးအနေအထားဖြင့် ဒေတာကောက်ယူခဲ့ခြင်းဖြစ်ပြီး သုတေသနလေ့လာချက်အရတွေ့ရှိသော ရလဒ်အပေါ်တွင်မူတည်၍ တွက်ချက်ထားခြင်းဖြစ်တာကြောင့် ကိုယ့်တစ်ဦးချင်းရရှိသောရလဒ်တွေနဲ့တော့ တူညီနိုင်မှာ မဟုတ်တာ သတိပြုရမှာပါ။

                Ookla က ပေးအပ်ခဲ့တဲ့ မြန်မာ့အမြန်ဆုံးအင်တာနက်ကွန်ရက်ဆုအကြောင်းကို ယခု Link မှာ ဖတ်ရှုနိုင်ပြီး၊ ဘယ်လိုနည်းစနစ်တွေ အသုံးပြုပြီး ပေးအပ်ထားလဲဆိုတာကိုလည်း လေ့လာဖတ်ရှုနိုင်ပါတယ်။

References
MPT
About Author
Assinged Tags
Internet Local News Local Tech News MPT Mobile Speedtest
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed