ဒီနေ့ဟာ AMD မှ Intel ကို စျေးကွက်လက်ဝါးကြီးအုပ်မှုအတွက် တရားစွဲဆိုခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 28 June 2017

ဒီနေ့ဟာ AMD မှ Intel ကို စျေးကွက်လက်ဝါးကြီးအုပ်မှုအတွက် တရားစွဲဆိုခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 740 Views

                ဇွန်လ ၂၈ ရက်၊ ၂၀၀၅ ခုနှစ်မှာ AMD ကနေ Intel ကို Chipset ထုတ်လုပ်မှုပိုင်းမှာ တရားမျှတစွာ ပြိုင်ဆိုင်မှုမရှိတဲ့အပေါ်  US တရားရုံးမှာ တရားစွဲဆိုခဲ့တဲ့နေ့ဖြစ်ပါတယ်။ AMD ဟာ ဥရောပမှာလည်း EU ကနေ Intel ကို တရားစွဲဆိုခဲ့ပါသေးတယ်။ AMD ကနေစွဲဆိုချက်အရ Intel ဟာ Intel Chipset အသုံးပြုပြီး PC နဲ့ Laptop တွေထုတ်လုပ်နေတဲ့ ကုမ္ပဏီအားလုံးကို AMD Chipset ကိုအသုံးမပြုဖို့နဲ့ အသုံးပြုပါက နောက်ထပ် Intel Chipset နဲ့ ကွန်ပျုတာတွေထုတ်လုပ်ခွင့်ရရှိမှာမဟုတ်ဘူး ဆိုပြီးအကျပ်ကိုင်ထားတာတွေရှိတယ်လို့ဆိုပါတယ်။

                နောက်ထပ်စွဲဆိုချက်တွေမှာလည်း Intel Chipset အသုံးပြုပေးနေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Dell, Sony, Toshiba နဲ့ Hitachi ကုမ္ပဏီတွေကိုလည်း အကျိုးအမြတ်ပြန်လည်ပေးအပ်ပြီး လာဘ်ထိုးခဲ့တာတွေရှိတယ်လို့ဆိုပါတယ်။ AMD အနေနဲ့လည်း Chipset အသုံးပြုဖို့ ကမ်းလှမ်းတဲ့အခါမှာ ကုမ္ပဏီအတော်များများက Intel ရဲ့အကျပ်ကိုင်မှုတွေကြောင့် အသုံးပြုဖို့၀န်လေးနေတယ်လို့ဆိုပါတယ်။

                စျေးကွက်သုတေသနပြုလုပ်တဲ့အခါမှာလည်း Computer နဲ့ Electronic Device တွေမှာ AMD Chipset အသုံးပြုမှုဟာ 16.6% ပဲရှိပြီး Intel Chipset အသုံးပြုမှုအနေနဲ့ 82.2% အထိ ရှိခဲ့ပါတယ်။

အမှုသက်တမ်း ၄ နှစ်ကျော်အကြာ၊ ၂၀၀၉ ခုနှစ်၊ မေလမှာတော့ EU က Intel ကို စံချိန်တင် ဒေါ်လာ ၁.၀၆ ဘီလီယံ ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ် နိုဝင်ဘာလမှာတော့ Intel ဟာ AMD ကို နစ်နာကြေး ဒေါ်လာ ၁.၂၅ ဘီလီယံ ပေးအပ်ဖို့ ကုမ္ပဏီနှစ်ခုကြား သဘောတူညီမှုရရှိခဲ့ပြီး၊ AMD က Intel အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးဖို့ကိုလည်း သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒီ့အပြင် ကုမ္ပဏီနှစ်ခုအနေနဲ့ နောက်ထပ်ငါးနှစ်တိုင် မူပိုင်ခွင့်ဖလှယ်အသုံးပြုဖို့ ( Cross-Licensing Agreement) ကိုလည်း သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။

References
Forbes PCR Online Biz
About Author
Assinged Tags
Intel Intel Chipset AMD AMD Processor AMD Files Intel AMD Chipset
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed