ဒီနေ့မှာ Bill Gates ဟာ Microsoft CEO ရာထူးမှ ဆန္ဒအလျောက် ရာထူးလျှော့ယူခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 28 June 2017

ဒီနေ့မှာ Bill Gates ဟာ Microsoft CEO ရာထူးမှ ဆန္ဒအလျောက် ရာထူးလျှော့ယူခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 680 Views

                ဇွန်လ ၂၇၊ ၂၀၀၈ ခုနှစ်မှာ Microsoft ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Bill Gates ဟာ ဆန္ဒအလျောက် တရား၀င်ရာထူးလျှော့ယူခဲ့ပါတယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်နဲ့ တာ၀န်တွေကိုလည်း Steve Ballmer ကိုလွှဲအပ်ခဲ့ပြီး Board အဖွဲ့အစည်းရဲ့  ဥက္ကဌအဖြစ်ပဲ Microsoft ကုမ္ပဏီမှာဆက်လက် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။

                Bill Gates ရဲ့ပြောကြားချက်အရ ပရဟိတလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်ချင်တဲ့ ဆန္ဒတစ်ခုကြောင့် ဒီလို ရာထူးလျှော့ချခဲ့တယ်လို့သိရပါတယ်။ Bill and Melinda Gates Foundation လို့ခေါ်တဲ့ ပရဟိတ Project တစ်ခုကိုလည်း သူ့ဇနီးနဲ့အတူ အတူတူတည်ထောင်ခဲ့ပါသေးတယ်။ 

                Bill Gates ဟာ အိမ်တိုင်းမှာ ကွန်ပျုတာတစ်လုံးစီရှိရမယ် ဆိုတဲ့အိပ်မက်ကို အကောင်အထည် ဖော်ဆောင်နိုင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာလည်း အခုချိန်ထိကိုဦးဆောင်နေတုန်းပဲဖြစ်ပါတယ်။

References
Day In Tech History Telegraph
About Author
Assinged Tags
Microsoft Bill Gates Bill and Melinda Philanthropy Microsoft CEO CEO Chairman
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed