ဒီနေ့ဟာ Wireless Application Protocol (WAP) ကို စတင်အကောင်အထည်ဖော်ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 27 June 2017

ဒီနေ့ဟာ Wireless Application Protocol (WAP) ကို စတင်အကောင်အထည်ဖော်ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 420 Views

                ဇွန်လ ၂၆၊ ၁၉၉၇ ခုနှစ်မှာ Ericsson, Motorola, Nokia နဲ့ Unwired Planet ဆိုတဲ့ ကုမ္ပဏီကြီးတွေကနေ Wireless Application Protocol (WAP) ကိုအကောင်အထည်ဖော်ဖို့အတွက် Partners တွေအဖြစ် ပူးပေါင်းခဲ့ကြပါတယ်။ WAP ဆိုတာကတော့ ယနေ့ခေတ်လို Wireless Cellular Device တွေမှာ အင်တာနက် ကျယ်ကျယ်ပြန့်ပြန့်အသုံးမပြုနိုင်ခင်အသုံးပြုခဲ့တဲ့ Standard Protocol တစ်မျိုးပဲဖြစ်ပါတယ်။ 

                WAP ကို Internet Access, E-mail, World Wide Web (www) နဲ့ Instant Messaging တွေအတွက် အများဆုံးအသုံးပြုခဲ့ကြပြီး Web Surfing ကို Mobile ဖုန်းတွေမှာ အသုံးပြုရအဆင်ပြေအောင် WAP နည်းပညာအသုံးပြုထားတဲ့ Browser ကိုလည်း ထည့်သွင်းပေးခဲ့ကြပါတယ်။ 

                အခုခေတ်မှာတော့ WAP အသုံးပြုပေးထားတဲ့ Websites တွေလည်းမရှိတော့သလို နည်းပညာမြင့်မားတဲ့ စမတ်ဖုန်းတွေအနေနဲ့လည်း HTML ကို Mobile Browser မှာ ကောင်းကောင်းမွန်မွန်အသုံးပြုနိုင်လာပါပြီ။ 

References
Day In Tech History
About Author
Assinged Tags
Internet Nokia Websites Email Service Email Internet Browser Wireless Application Protocol Instant Messaging WAP Ericsson Unwired Planet WAP Browser
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed