ဒီနေ့ဟာ ကိုယ်ပျောက်နည်းပညာအသုံးပြု Lockheed F-117 Nighthawk လေယာဉ် စမ်းသပ်ပျံသန်းခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 19 June 2017

ဒီနေ့ဟာ ကိုယ်ပျောက်နည်းပညာအသုံးပြု Lockheed F-117 Nighthawk လေယာဉ် စမ်းသပ်ပျံသန်းခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 1720 Views

                ဇွန်လ ၁၈၊ ၁၉၈၁ ခုနှစ်မှာ Lockheed Corporation ကနေ United States Air Force (USAF) အတွက် ရည်ရွယ်ထုတ်လုပ်ပေးမယ့် Stealth Technology (ကိုယ်ပျောက်နည်းပညာ) အသုံးပြု Lockheed F-117 Nighthawk လေယာဉ်ကို စတင် စမ်းသပ်ပျံသန်းတဲ့နေ့ဖြစ်ပါတယ်။ Lockheed F-117 Nighthawk ဟာ Stealth Technology ကို ပထမဦးဆုံး အသုံးပြုထားတဲ့ တိုက်ခိုက်ရေးလေယာဉ်ဖြစ်ပါတယ်။

                Stealth Technology ဆိုတာ Physical အရ ကိုယ်ပျောက်နေတဲ့ နည်းပညာမျိုးတော့မဟုတ်ပါဘူး။ Radar တွေ၊ Infrared အသုံးပြုထားတဲ့ Thermographic Camera တွေအပြင် Sonar Waves တွေနဲ့ပါ မမြင်နိုင်အောင် ပြုလုပ်ထားတဲ့ ကိုယ်ပျောက်နည်းပညာတစ်မျိုး ဖြစ်ပါတယ်။ Lockheed F-117 Nighthawk ကို တည်ဆောက်ဖို့ ဆုံးဖြတ်ပြီး ၂ နှစ်နဲ့ ၇လအကြာ မှာ စမ်းသပ်ပျံသန်းခဲ့တာဖြစ်ပါတယ်။ 

                F-117 လေယာဉ်မှာ Jet Engine နှစ်လုံးအသုံးပြုထားပြီး မောင်းနှင်သူတစ်ယောက်ပဲလိုအပ်တဲ့ Single-Seat အမျိုးအစားဖြစ်ပါတယ်။ အောက်တိုဘာ ၁၉၈၃ မှာ F-117 Nighthawk ကိုစတင်မိတ်ဆက်ခဲ့ပြီး ဧပြီလ ၂၂၊ ၂၀၀၈ ခုနှစ်မှာ F-22 Raptor တွေကို အစားထိုးအသုံးပြုခဲ့တာမို့ F-117 အတွက် ပျံသန်းခွင့်ကို ရပ်ဆိုင်းခဲ့ပါတယ်။ 
 

References
Wikipedia
About Author
Assinged Tags
Stealth United States F-117 Nighthawk Lockheed Stealth Technology Radar Sonar Infrared Jet Engine United States Air Force USAF
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed