ဒီနေ့ဟာ ENIAC လို့ခေါ်တဲ့ ကွန်ပျုတာကို စ တင်တည်ဆောက်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

date_range 01 June 2017

ဒီနေ့ဟာ ENIAC လို့ခေါ်တဲ့ ကွန်ပျုတာကို စ တင်တည်ဆောက်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

visibility 350 Views

                အစောပိုင်းကာလ ကွန်ပျုတာထဲကမှ တစ်ခုဖြစ်တဲ့ ENIAC (Electronic Numerical Integrator And Computer) ကို မေလ ၃၁ ရက်၊ ၁၉၄၃ မှာ စ တင်တည်ဆောက်ခဲ့ပါတယ်။ Pennsylvania တက္ကသိုလ် အတွင်းမှာပဲ ဆောက်လုပ်ခဲ့ပြီး United Sates (US) စစ်တပ်မှ ထောက်ပံ့ပေးခဲ့ပါတယ်။ ကုန်ကျစရိတ်ပေါင်း အမေရိကန်ဒေါ်လာ ငါးသိန်းခန့်ကုန်ကျခဲ့ပါတယ်။ 

                ENIAC ကို လျှို့ဝှက်နာမည်အနေနဲ့ “Project PX” လို့လည်းခေါ်ခဲ့ကြပါသေးတယ်။ ဆက်လက်တည်ဆောက်ခွင့် ကိုတော့ June 5 ရက်နေ့မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ENIAC ဟာ သာမန်အခန်းတစ်ခန်းစာ လောက်ကို ကြီးမားပါတယ်။ Octal-based radio tubes တွေနဲ့အလုပ် လုပ်တာကြောင့် ပူလည်းပူပါတယ်။ 

                ENIAC ပေါ်မှာ Programming Operations တွေဖြစ်တဲ့ Looping ပတ်တာတွေ၊ Branches ခွဲတာတွေနဲ့အတူ Subroutines သတ်မှတ်တာတွေ စသည်ဖြင့် Operations တွေကို Program ရေးသားပြီးလုပ်ဆောင်ခိုင်းလို့ရပါတယ်။

References
Day In Tech History
About Author
Assinged Tags
Computer Computer Program Programming Language ENIAC Early Stage Computer United States Army Loop Branches Subroutines
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed