မေလ ၃၀ ရက်၊ ၁၉၈၇ မှာတော့ မြောက်အမေရိကအခြေစိုက် Phillips ကုမ္ပဏီကနေ Compact Disc Video (CD-V) Format Discs တွေကို စတင်မိတ်ဆက်ခဲ့တဲ့နေ့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရင်းနှီးခဲ့တဲ့ VCD ဆိုတဲ့ Format ရဲ့ ဖခင်တစ်ယောက် လို့လည်း ပြောလို့ရပါတယ်။
                ဒီနည်းပညာဟာ LaserVision လို့ခေါ်တဲ့ LaserDisc (အဲ့အချိန်တုန်းက Video တွေကို NTSC/PAL အနေနဲ့သိမ်းဆည်းနိုင်တဲ့ Disc ကြီးတစ်မျိုး) နဲ့ Compact Disc (CD လို့ခေါ်တဲ့ 700MB လောက်ထိသိမ်းဆည်းနိုင်တဲ့ Data Storage Disc တစ်မျိုး) နည်းပညာနှစ်ခုကိုပေါင်းဆက်ပြီး မိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ 
CD-V ဟာ 800MB ပမာဏထိ သိမ်းဆည်းနိုင်ပါတယ်။ အဲ့အချိန်တုန်းက ထွက်ရှိထားတဲ့ ဇာတ်ကားကြီးတွေကို Standard Definition (SD) Resolution နဲ့သိမ်းဆည်းနိုင်ပါတယ်။ ဒါပေမဲ့လည်း CD-V Format ဟာ ၁၉၉၁ မှာ နစ်မြုပ်သွားခဲ့ပါတယ်။ 
သို့သော်လည်း သူ့ရဲ့နည်းပညာကိုအခြေခံပြီး MPEG Format ကိုအသုံးပြုထားတဲ့ Video CD (VCD) Format ကို ၁၉၉၃ မှာ နည်းပညာအသစ်နဲ့အတူ နာမည်အသစ်နဲ့ ပြန်လည်မိတ်ဆက်ခဲ့ပါတယ်။
            
	
      			
      			
      			
      			
            
            
            
            
            
Join Us On