Mobile Devices တွေအတွက် ကမ္ဘာ့ပထမဆုံး 400 GB microSD ကဒ်ကို SanDisk မိတ်ဆက်

date_range 01 September 2017

Mobile Devices တွေအတွက် ကမ္ဘာ့ပထမဆုံး 400 GB microSD ကဒ်ကို SanDisk မိတ်ဆက်

visibility 5400 Views

                Full HD နဲ့ နာရီ ၄၀ စာလောက် Videos တွေကို Transfer Speed 100 MB/s လောက်နဲ့ microSD ကဒ်ထဲမှာ သိမ်းထားဖို့ စိတ်ကူးကြည့်ဖူးလား။ အခု SanDisk ရဲ့ 400 GB microSDXC UHS-1 ကဒ်နဲ့ဆိုရင်တော့ အဆိုပါစိတ်ကူးတွေက တကယ်ဖြစ်လာပြီလို့ ပြောရမှာပါ။

                SanDisk ဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကလည်း ကမ္ဘာ့ ပထမဆုံး စံချိန်တင် 128 GB microSD ကဒ်ကို မိတ်ဆက်ပြသခဲ့ဖူးပါတယ်။ နောက်မကြာခင်မှာပဲ 200 GB microSD ကဒ်ကို ထပ်ထုတ်ပြီး စံချိန်ချိုးခဲ့တာလည်း SanDisk ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ Samsung က 256 GB microSD နဲ့ စံချိန်ချိုးခဲ့သလို၊ Transfer Rate အလွန်မြန်ဆန်တဲ့ UFS cards တွေကိုပါ မိတ်ဆက်ပြီး၊ Memory Cards စျေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာကို ကျနော်တို့ မြင်တွေ့ခဲ့ရပါတယ်။

                အခုအခါမှာတော့ SanDisk က Samsung ရဲ့ စံချိန်ကို ပြန်ချိုးတဲ့အနေနဲ့ ကမ္ဘာ့ Storage အများဆုံး 400 GB microSDXC UHS-1 ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

                SanDisk ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Western Digital ရဲ့ Marketing Vice President ဖြစ်တဲ့ Sven Rathjen က

" ကျွန်တော်တို့ဟာ နည်းပညာရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး သုံးစွဲသူတွေ ရဲ့ Mobile Devices သုံးစွဲမှုပုံစံတွေကို ပြောင်းလဲချင်ပါတယ်။ Technology အသစ်တွေ တီထွင်ပြီး  သုံးစွဲသူတွေ ယုံကြည်ရတဲ့ Data သိမ်းဆည်းမှုပုံစံတွေနဲ့ သူတို့လိုချင်တဲ့ Mobile အသုံးပြုနေထိုင်မှု Lifestyles  တွေကို ပေးချင်ပါတယ်"

                ဆိုပြီးပြောပြခဲ့ပါတယ်။ Mobile Devices တွေရဲ့ Data Storage အတွက်ကတော့ 400 GB ဆိုတဲ့ ပမာဏက တကယ့်ကို ဧရာမပါပဲ။

                SanDisk ရဲ့ 400 GB microSDXC UHS-1 ဟာ Full HD Videos တွေကို နာရီ ၄၀ စာလောက် ထည့်ထားနိုင်ရုံတင်မကပါဘူး၊ Videos တွေကိုလည်း တစ်စက္ကန့်ကို 100 MB နှုန်းနဲ့ ကတ်ထဲ ကူးနိုင်မှာပါ။ သီအိုရီနည်းအရ၊ ဒီ Speed အတိုင်းဆိုရင် တစ်မိနစ်ကို ဓာတ်ပုံ ၁၂၀၀ လောက်ပြန်ကူးနိုင်မှာ ဖြစ်ပါတယ်။ Android မှာပါဝင်တဲ့ Adoptable Storage စနစ်နဲ့ဆို ဒီ MicroSD card တွေက Multimedia အသုံးများသူတွေအတွက်တော့ ရှယ်ပါပဲ။ ခင်ဗျားရဲ့ ဖုန်းမှာတော့ microSD card slot ပါဖို့တော့ လိုတာပေါ့။

                ကောင်းတာတော့ဟုတ်ပါပြီ ဈေးကရော။ ဟုတ်ကဲ့။ US မှာတော့ ၂၄၉.၉၉ ဒေါ်လာပါ။ 1 GB ကို ဝ.၆၃  ဒေါ်လာ ပေါ့။ SanDisk ရဲ့ 256 GB microSD ကတ်ကလည်း လက်ရှိမှာ ၁၉၉.၉၉ ဒေါ်လာစျေးရှိတာကြောင့်၊ ဒေါ်လာ  ၅၀ လောက် ပိုသုံးလိုက်ရုံနဲ့ နောက်ထပ် Storage 150 GB လောက် ပိုသုံးနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ထုံးစံအတိုင်း အချိန်နည်းနည်းကြာလာရင်တော့ Amazon မှာ ဒီ့ထက် ပိုသက်သာတဲ့ဈေးနဲ့ ရနိုင်မှာပါ။

                ခင်ဗျားတို့ဆိုရင်ကော 400 GB microSD ကတ်ကို ၂၅၀ ဒေါ်လာစျေးနဲ့ ဝယ်ဖြစ်မလား၊ ဒီလောက် Storage ကော တကယ်သုံးဖြစ်မလားဆိုတဲ့ အမြင်လေးတွေ သိချင်ပါတယ်။

This Article is Contributed by YLin
References
Android Authority The Verge
About Author
Assinged Tags
Sandisk Mobile Data Storage microSD Waster Digital Memory Cards microSD Cards
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed