“Watch” Video Streaming Service အသစ်ကို မိတ်ဆက်လိုက်တဲ့ Facebook

date_range 10 August 2017

“Watch” Video Streaming Service အသစ်ကို မိတ်ဆက်လိုက်တဲ့ Facebook

visibility 400 Views

                Facebook Blog မှာ တရား၀င်သတင်းထုတ်ပြန်ထားချက်အရ Facebook ဟာ “Watch” လို့အမည်ပေးထားတဲ့ Video Streaming Service အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီလို့ သိရှိရပါတယ်။ Watch ဟာ လတ်တလောမှာတော့ Videos တွေကို လွယ်လွယ်ကူကူ Feed တစ်ခုတည်းမှာ ကြည့်ရှုနိုင်ဖို့အတွက် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

                Facebook ဟာ ကိုယ်ပိုင် TV Shows တွေကိုပါ ပြသဖို့အစီအစဉ်ရှိတယ် ဆိုပေမယ့် လောလောဆည်မှာတော့ “Watch” ကို YouTube ပုံစံလိုမျိုး အဓိကထားပြီး ပြုလုပ်သွားဖို့ရှိပါတယ်။ ဒါကြောင့်မို့ တစ်ချိန်မှာတော့ TV Shows တွေလည်းမြင်ရလာနိုင်သလို Entertainment ကုမ္ပဏီတွေအနေနဲ့လည်း Live လွှင့်တာတွေ၊ Recorded Programme တွေပြသတာတွေကို “Watch” မှာပဲ တစ်စုတစ်စည်းတည်း ပြုလုပ်သွားနိုင်မယ်လို့ သိရှိရပါတယ်။

               ဒါ့အပြင် Facebook အသုံးပြုသူတွေအနေနဲ့ “Watch” ကို Video Feed တစ်ခုလိုမျိုး အသုံးချလာနိုင်မှာပါ။ ကိုယ့်သူငယ်ချင်းတွေ အများဆုံးကြည့်ရှုထားတဲ့ Videos တွေ၊ လူပြောများနေတဲ့ Videos တွေ နဲ့ Reaction အများဆုံးရရှိထားတဲ့ Videos တွေကို “Watch” မှာ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ 

               “Watch” နဲ့အတူ Facebook မှာ ကိုယ်ပိုင် Video ဖန်တီးသူတွေအတွက်လည်း ဝင်ငွေအကျိုးအမြတ်တွေခံစားရရှိအောင် ပြုလုပ်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ Facebook အနေနဲ့ Popular ဖြစ်နေတဲ့ Videos တွေမှာ Ads တွေ ပြသသွားဖို့ရှိပြီး၊ ရရှိလာတဲ့အကျိုးအမြတ်တွေကို Video ဖန်တီးသူတွေအဖို့ 55% နဲ့ Facebook အတွက် 45% စသဖြင့် ခွဲ၀ေပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

               “Watch” ကို Facebook ရဲ့ News Feed ဘေးနားမှာ Tab တစ်ခုအသစ်အနေနဲ့မြင်တွေ့လာရဖို့ရှိပြီး Discover နဲ့ Watchlist ဆိုမျိုး Tab အခွဲနှစ်ခုပါ၀င်လာဦးမှာဖြစ်ပါတယ်။ Discover မှာတော့ Popular Videos, TV Programmes နဲ့ Series တွေကို စိတ်ကြိုက်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Watchlist မှာတော့ ကိုယ်ကြိုက်တဲ့ Video ဖန်တီးသူတွေ၊ TV အစီအစဉ်တွေကိုပြသပေးနေတဲ့ Entertainment ကုမ္ပဏီတွေနဲ့အတူ အခြား Content Creators တွေကို Favorite လုပ်ထားနိုင်မှာဖြစ်ပြီး၊ List ထဲကနေပဲ အလွယ်တကူ နောက်ဆုံးထွက် Videos တွေနဲ့ TV Shows တွေကို ကြည့်ရှုသွားနိုင်မှာဖြစ်ပါတယ်။ 

               “Watch” ကို August 28 ရက်နေ့မှာ Original Shows အခု ၄၀ နဲ့အတူ ကြည့်ရှုခွင့်ရရှိလာမယ်လို့ သိရပါတယ်။ ကနဦးအနေနဲ့ US ကအသုံးပြုသူအချို့မှာပဲ “Watch” ကိုအသုံးပြုလာနိုင်မှာဖြစ်ပြီး၊ ဘယ်တော့လောက် ကမ္ဘာတစ်၀န်းလုံးမှာ အသုံးပြုလာနိုင်မှာလည်းဆိုတာ အတိအကျမသိရှိရသေးပါဘူး။

References
CNBC Android Central Facebook Blog
About Author
Assinged Tags
Facebook Facebook TV Show TV Series Video Facebook Feature Own Streaming Service Media Streaming TV Shows Watch Facebook Watch Video Streaming Service
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed