Loading ကြိုလုပ်ပြီးသား Instant Videos တွေကို Facebook စတင်စမ်းသပ်

date_range 12 September 2017

Loading ကြိုလုပ်ပြီးသား Instant Videos တွေကို Facebook စတင်စမ်းသပ်

visibility 440 Views

                Facebook ဟာ Instant Videos ဆိုတဲ့ Feature သစ်တစ်ခုကို Android User တစ်ချို့ဆီမှာ စတင်စမ်းသပ်နေပြီဖြစ်တယ်လို့ တနင်္လာနေ့ ( ၁၁၊ ၉၊ ၂၀၁၇ ) က ပြောကြားခဲ့ပါတယ်။

                “Instant Videos” ဆိုတာကတော့ ကိုယ့်ဖုန်းက Wi-Fi ချိတ်ထားရင် Videos တွေကို ကြိုတင် Loading (Download) လုပ်ထားမှာဖြစ်ကာ Cache ရိုက်ထားပြီး၊ Wi-Fi မရှိတော့တဲ့အခါကျရင် မိုဘိုင်းအင်တာနက်မလိုဘဲနဲ့ ဗီဒီယိုတွေကို Data Free ပြန်ကြည့်နိုင်မယ့် Feature သစ်တစ်ခုဖြစ်ပါတယ်။ မိုဘိုင်းမှာ Loading မလိုဘဲ၊ တိုက်ရိုက်တန်းဖတ်ရှုနိုင်တဲ့ Instant Articles တွေလိုပဲ Instant Videos တွေမှာလည်း မိုးကြိုးသွားပုံလေး ပြထားပေးမှာဖြစ်တယ်လို့ Tech Crunch ရဲ့ အဆိုအရ သိရပါတယ်။


            “ ခင်ဗျားတို့ Wi-Fi ချိတ်ထားတယ်ဆိုရင်၊ ကျနော်တို့က တချို့ Videos တွေကို Save လုပ်ထားပေးမှာပါ။ ဒီတော့ ခင်ဗျားတို့လည်း မိုဘိုင်းဒေတာမကုန်ဘဲ ဗီဒီယိုတွေကို ပြန်ကြည့်နိုင်မှာဖြစ်ပါတယ်”

                လို့ Facebook က ယခု Feature ရဲ့ Description မှာ ရေးသားထားပါတယ်။

                Video တွေဘက်ကို အဓိကဦးတည်နေတဲ့ Facebook ဟာ မကြာမီကလည်း Video Feed ပုံစံအသုံးချနိုင်တဲ့ “Watch” ဆိုတဲ့ Tab အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါသေးတယ်။ အခု Instant Videos Feature ကလည်း ‘Watch’ အတွက် တော်တော်အသုံးဝင်တဲ့ Feature တစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

                Facebook အနေနဲ့ ဘယ်လို Video မျိုးကို Loading ကြိုလုပ်ထားပြီး Instant Video လုပ်ပေးထားမယ်ဆိုတာမျိုးတော့ အခုအချိန်မှာ ရှင်းရှင်းလင်းလင်းပြောကြားထားခြင်းမရှိသေးပေမယ့်၊ Video Publisher တွေကပဲ သူတို့တင်လိုက်တဲ့ ဗီဒီယိုတွေကို Instant Video အဖြစ် ထားဖို့ ရွေးထားနိုင်မယ့် Option တစ်ခု ပါလာလောက်ပါတယ်။ ပြီးတော့ Wi-Fi မှာ Loading ကြိုလုပ်ထားတဲ့ ဗီဒီယိုတွေကို ဖုန်းထဲမှာ ဘယ်လောက်ကြာကြာသိမ်းထားမလဲဆိုတာလည်း မသိရသေးပါဘူး။

                Instant Video Feature က စမ်းသပ်ဆဲဖြစ်တာကြောင့်၊ လူတိုင်းအသုံးပြုနိုင်ဖို့တော့ အချိန်တစ်ခုလောက် ကြာဦးမှာပါ။ တကယ်လို့ ခင်ဗျားတို့ဆီမှာလည်း Instant Video Feature ရနေပြီဆိုရင် ကျနော်တို့ကို အသိပေးဖို့ တောင်းဆိုချင်ပါတယ်။

References
ZDNet Tech Crunch
About Author
Assinged Tags
Facebook Android App Social Media Instant Articles Video Facebook for Android Watch Instant Videos Pre-Loaded Videos
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed