ဒီနေ့ဟာ Corel WordPerfect Office 2000 ကိုစတင်ထုတ်လုပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

date_range 26 May 2017

ဒီနေ့ဟာ Corel WordPerfect Office 2000 ကိုစတင်ထုတ်လုပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်။

visibility 260 Views

                မေလ ၂၅ ရက်နေ့၊ ၁၉၉၉ မှာ Corel Corporation ကနေပြီးတော့ Corel WordPerfect Office 2000 ကို စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ WordPerfect ဟာ Microsoft Word လိုပဲ နာမည်ကြီးခဲ့တဲ့ Word Processing Program တစ်ခုလည်းဖြစ်ပါတယ်။ ၁၉၈၀ နဲ့ ၁၉၉၀ ကြားမှာ နာမည်ကြီးခဲ့ပြီး လူအတော်များများအသုံးပြုခဲ့ကြပါတယ်။ 

                WordPerfect အနေနဲ့ ၁၉၉၄ မှာ GUI (Graphical User Interface) ပေါ်လာတာနဲ့အတူ အပြိုင်အဆိုင်အမြောက်အများကြုံတွေ့ခဲ့ရပါတယ်။ Microsoft Word ဟာလည်း အဓိကပြိုင်ဘက်ထဲမှာ ပါ၀င်ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ Microsoft ကိုပြိုင်ဆိုင်ဖို့နဲ့ အခြားသော Quattro Pro၊ Presentations၊ Paradox နဲ့ Corel Central တို့ရဲ့ ထုတ်လုပ်မှုကိုလည်း ပိုမိုထိရောက်စေချင်တာကြောင့် WordPerfect Office 2000 ဆိုပြီး Software Suite တစ်ခုကို ၁၉၉၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ 

                အခုအချိန်မှာတော့ WordPerfect Office X8 အထိထွက်ရှိထားပြီး Windows 10 အထိ Support ပေးတဲ့ Software Suite အနေနဲ့ရပ်တည်နေပါတယ်။ CorelDraw ဟာလည်းနာမည်ကြီး Graphics Editor Program တစ်ခုအဖြစ် Graphics Designer အတော်များများအသုံးပြုနေတုန်းပါပဲ။ 

References
Day In Tech History
About Author
Assinged Tags
Microsoft Computer Program Corel Coreldraw Office 2000 Corel Office
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed