ဒီနေ့ဟာ ပထမဆုံး Tweet ကို စတင် တင်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 22 March 2017

ဒီနေ့ဟာ ပထမဆုံး Tweet ကို စတင် တင်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 150 Views

                ၂၀၀၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှာ Twitter ကို ပူးတွဲတည်ထောင်သူတစ်ယောက်ဖြစ်တဲ့ Jack Dorsey ဟာ Twitter သမိုင်းရဲ့ ပထမဆုံး Tweet ကို စတင် ရေးသားခဲ့ပါတယ်။

                Twitter ကို အစတုန်းက Odeo ကုမ္ပဏီက ဝန်ထမ်းတွေ ကြားမှာပဲ စမ်းသပ်သုံးစွဲခဲ့တာဖြစ်ပြီး၊ ၂၀၀၆ ခုနှစ်၊ ဂျူလိုင်လ ၁၅ ရက်နေ့ရောက်မှ လူတိုင်းအသုံးပြုခွင့်ပေးခဲ့တာပါ။

                Jack Dorsey ရေးသားခဲ့တဲ့ Tweet ကတော့ အခုကျနော်တို့ စတင်အသုံးပြုတဲ့အခါ ပထမဆုံး Tweet အတွက် Twitter ကနေ Auto-Suggest လုပ်ပေးတဲ့ Tweet “ just setting up my twttr” ဖြစ်ပါတယ်။


                “Twttr” ဆိုတာ Twitter ရဲ့ ပထမနာမည်ဖြစ်ပြီး၊ သရစာလုံးနှစ်လုံးဖြစ်တဲ့ “i” နဲ့ “e” ကို နောက်ထပ်ခြောက်လအကြာမှာ ဖြည့်စွက်ခဲ့ရာကနေ Twitter ဆိုပြီးဖြစ်လာတာပါ။

                နာမည်ပြောင်းလိုက်တဲ့အတွက် domain name ကိုပါ twttr.com ကနေ ယခု Twitter.com အဖြစ် ပြောင်းလဲခဲ့ရပါတယ်။

                Twitter ဟာ တည်ထောင်ပြီးနောက် ဆယ်နှစ်အကြာ၊ ၂၀၁၆ ခုနှစ်မှာတော့ လစဥ်သုံးစွဲသူ User ပေါင်း ၃၁၉ သန်း ရှိနေပြီဖြစ်ပါတယ်။

References
This Day in Tech History
About Author
Assinged Tags
Twiitter Today Tech Knowledge
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed