ဒီနေ့ဟာ ပထမဆုံး dot-com နဲ့ ဆုံးတဲ့ Domain Name ကို Register လုပ်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 16 March 2017

ဒီနေ့ဟာ ပထမဆုံး dot-com နဲ့ ဆုံးတဲ့ Domain Name ကို Register လုပ်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 200 Views

                အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ကိန်းဘရစ်ခ်ျမြို့မှာရှိတဲ့ Computer Systems ကုမ္ပဏီ Symbolics Inc ဟာ ၁၉၈၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာ သူတို့ဝဘ်ဆိုဒ် symbolics.com ကို Register ပြုလုပ်ပြီးစီးခဲ့ပါတယ်။

                Symbolics.com ဟာ dot-com နဲ့ ဆုံးတဲ့ Domain Name တွေထဲမှာ ပထမဆုံး Register ပြုလုပ်ခဲ့တဲ့ Domain Name တစ်ခုဖြစ်ပြီး၊ ၁၉၉၂ ခုနှစ်မှာတော့ dot-com Domain Name ပေါင်း ၁၅,၀၀၀ လောက် Register ပြုလုပ်ပြီးဖြစ်ပါတယ်။

                Symbolics.com ကို ၂၀၀၉ ခုနှစ်၊ သြဂတ်စ်လမှာ XF.com ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုက ဝယ်ယူခဲ့ပြီး၊ လက်ရှိလည်း သူတို့အပိုင်ပဲဖြစ်ပါတယ်။ 

                ဒုတိယမြောက် Register ပြုလုပ်ခဲ့တဲ့ Domain Name ကတော့ Bbn.com ဖြစ်ပြီး၊ ၁၉၈၅ ခုနှစ် ဧပြီလမှာ Register လုပ်ပြီးခဲ့တာပါ။

                ယခုလက်ရှိအချိန်မှာတော့ dot-com Domain Name အားလုံးပေါင်း ၁၂၇,၇၄၉,၁၂၆ ခု Register ပြုလုပ်ပြီးဖြစ်ပါတယ်။


References
Tom Merritt GCN
About Author
Assinged Tags
Domain Name Today Tech
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed