Nintendo ရဲ့သမိုင်းတစ်လျှောက်မှာရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ Switch

date_range 07 March 2017

Nintendo ရဲ့သမိုင်းတစ်လျှောက်မှာရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ Switch

visibility 100 Views

                ဒီရက်ပိုင်းမှာ Online Store တွေမှာ Nintendo Switch Console တွေက Products တွေကုန်နေလို့ ရှာရတာအနည်းငယ်အခက်အခဲရှိနေမှာပါ။ New York Times က Nick Wingfield ရဲ့ Twitter Post တွေအရဆိုရင် Switch စထွက်လာတဲ့ အရင်အပတ် သောကြာနေ့နဲ့ စနေနေ့  ၂ရက်ထဲမှာတောင် Switch ရဲ့ ရောင်းအားက Nintendo ရဲ့ Gaming Console တွေအားလုံးရဲ့ရောင်းအားအကုန်လုံးထက် ပိုကောင်းနေတာကိုတွေ့ရမှာပါ။

                နောက်တစ်ခုကတော့ Switch မှာပဲထွက်ခဲ့တဲ့ The Legend Of Zelda : Breath Of The Wild ဟာ ကုမ္ပဏီ ရဲ့အရောင်းကောင်းဆုံး ဂိမ်းတစ်ခုဖြစ်ခဲ့ပြီးတော့ Nintendo 64 အတွက် Cartridge နဲ့ ထွက်ရှိခဲ့တဲ့ Super Mario 64 ကိုပါကျော်လွန်ခဲ့ပါတယ်။

                Switch ရဲ့  ၂ရက်ရောင်းအားဟာ ဒုတိယ ဖြစ်တဲ့ Wii ကိုကျော်လွန်ခဲ့ပေမယ့် အကုန်လုံး သုံးသပ်ကြည့်ရင်ဘယ်လိုဖြစ်လာမလဲဆိုတာကတော့ စောင့်ကြီးရဦးမှာပါ။ ဒါပေမယ့် ပွဲဦးထွက်တင်တော်တော်အောင်မြင်နေတဲ့ အတွက် ဒီ Home-Portable Gaming Console လေးရဲ့အနာဂတ်ကတော့ တော်တော်တောက်ပလာမယ်လို့ထင်ရပါတယ်။

References
Twitter Engadget
About Author
Assinged Tags
Gaming News Nintendo Switch Nintendo Twiitter
Categorized Under
Gaming

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed