Twitter အသုံးပြုသူ ၄၈ သန်းကျော်ဟာ Bot တွေဖြစ်နေ

date_range 14 March 2017

Twitter အသုံးပြုသူ ၄၈ သန်းကျော်ဟာ Bot တွေဖြစ်နေ

visibility 900 Views

               သင် Twitter မှာ Follow လုပ်၊ Retweet လုပ်ပြီး၊ Like လုပ်ခဲ့တဲ့ Twitter Account တွေရဲ့  ပိုင်ရှင်အများစုက လူမဟုတ်ဘူးလို့ လေ့လာချက်တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်အရ လက်ရှိ Twitter အသုံးပြုသူအားလုံးပေါင်း ၃၁၉ သန်းရှိတဲ့အထဲက ၁၅ ရာခိုင်နှုန်းဟာ တစ်ယောက်ယောက်ကရေးဆွဲထားတဲ့ Computer Program တွေဖြစ်နေမှာပါ။

               

                အပေါ်ကပုံဟာ Bot တွေကို Scan ဖတ်ရှာဖွေနေတဲ့ရလဒ် ပုံကြမ်းတစ်ခုဖြစ်ပြီး၊ အပြာစက်လေးတွေကတော့ လူသားပိုင်ရှင်တွေအသုံးပြုတဲ့ Twitter Account တွေဖြစ်ပြီးတော့ အနီရောင်ကတော့ Twitter Bot တွေ ဖြစ်ပါတယ်။

                Twitter Bot တွေဟာ Twitter အသုံးပြုမှု အတွေ့အကြုံတွေကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် မိုးလေဝသခန့်မှန်းချက်တွေ၊ သဘာဝဘေးအန္တရာယ်သတင်းတွေကို Twitter မှာတင်ပေးပြီး လူတွေကို သတိပေးနိုင်တာတွေအပြင် Customer Service ပိုင်းတွေမှာပါ လုပ်ဆောင်ပေးနိုင်တာကြောင့် Twitter Bot တွေအများကြီးရှိနေတာကလဲ Twitter User တွေအပေါ် ကောင်းကျိုးသက်ရောက်စေပါတယ်။

                ဒီလေ့လာမှုကိုတော့ University Of Southern California ကနေဆောင်ရွက်ခဲ့တာပါ။ ဒီ လေ့လာချက်မှာတော့ University ရဲ့ Class ၆ ခုပေါင်းပြီး လုပ်ဆောင်ချက်ပေါင်း ၁၁၅၀ ခုနဲ့ လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုမှာတော့ Post တွေမှာပါတဲ့  စာသားတွေ၊ Network အသုံးပြုမှုပုံစံတွေ၊ Activity လုပ်ဆောင်မှုတွေကို လေ့လာပြီး Bot ဟုတ်၊ မဟုတ်ဆိုတာ စစ်တမ်းကောက်ယူခဲ့တာလို့ သိရပါတယ်။

References
Daily Mail
About Author
Assinged Tags
Computer Twiitter Social Media Computer Program
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed