ဒီနေ့ဟာ Chrome Browser ရဲ့ ပထမဆုံး Stable Version ကို စတင်ထုတ်လုပ်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 12 December 2017

ဒီနေ့ဟာ Chrome Browser ရဲ့ ပထမဆုံး Stable Version ကို စတင်ထုတ်လုပ်ခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 680 Views

                Desktop နဲ့ Mobile Browers နှစ်ခုစလုံးမှာ လက်ရှိအချိန်ထိ လူသုံးအများဆုံး Browser အဖြစ် ရပ်တည်နေနိုင်တဲ့ Google Chrome Browser ဟာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ Stable Version အဖြစ် စတင် ထွက်ရှိလာခဲ့ပါတယ်။ အဲဒီတုန်းက Google ကုမ္ပဏီရဲ့ CEO ဖြစ်သူ Eric Schmidt ဟာ Web Browser တစ်ခု ဖန်တီးမယ့် အစီအစဉ်ကို (၆) နှစ်လောက် ငြင်းဆန်နေခဲ့ပြီး Browser Wars ထဲ ဝင်မပါချင်ပေမယ့်၊ တွဲဖက် တည်ထောင်သူတွေ ဖြစ်တဲ့ Sergey Brin နဲ့ Larry Page တို့က Mozilla Firefox Developers တွေကို ဌားရမ်းပြီး၊ Chrome Browser ကို ဖန်တီး သရုပ်ပြလိုက်တဲ့အချိန်ကျမှ Schmidt ရဲ့ စိတ်ကူးတွေပြောင်းသွားခဲ့တာဖြစ်ပါတယ်။

                C++ Programing Language အသုံးပြု WebKit Layout Engine နဲ့ ရေးဆွဲထားပြီး ဘာသာစကား ၄၃ မျိုး ထောက်ပံ့မှု ပါဝင်တဲ့ Google Chrome Beta Version ကို Windows XP အတွက် ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှာ ထုတ်လုပ်ပေးခဲ့ပြီး Stable Version ကိုတော့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ထုတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။

This Article is Contributed by 2ppu
References
This Day in Tech History Wikipedia
About Author
Assinged Tags
Google Chrome Browser Today Tech
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed