ဒီနေ့ဟာ Microsoft Windows NT 3.5 ကို စတင်ထုတ်လုပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်

date_range 21 September 2017

ဒီနေ့ဟာ Microsoft Windows NT 3.5 ကို စတင်ထုတ်လုပ်ခဲ့တဲ့နေ့ဖြစ်ပါတယ်

visibility 260 Views

                စက်တင်ဘာ ၂၁၊ ၁၉၉၄ ခုနှစ်မှာ Microsoft ကနေ Windows NT 3.5 ကို စတင်ထုတ်လုပ်ပေးခဲ့ပါတယ်။ Windows NT 3.5 မှာ NT Workstation နဲ့ NT Server ဆိုပြီး နှစ်မျိုးပါ၀င်ပါတယ်။ 

                ဒီ Windows NT 3.5 ဟာ NT 3.1 ကိုအစားထိုးခဲ့ပြီး ပထမဦးဆုံး Server နဲ့ Workstation ဆိုပြီးနှစ်မျိုးပါ၀င်တဲ့ Windows NT Version လည်းဖြစ်ပါတယ်။ NT 3.5 မှာ Winsock နဲ့ TCP/IP Support ကို Dial-Up နဲ့ Networking တွေအတွက်ထည့်သွင်းပေးထားခဲ့ပြီး၊ FTP နဲ့ LPR Printer Support လည်းပါ၀င်လာခဲ့ပါတယ်။ ဒါ့အပြင် VFAT Option လည်းပါ၀င်လာခဲ့ပြီး Naming Conventions တွေအတွက် Characters ပေါင်း 255 ထိအသုံးပြုနိုင်ခဲ့ပါတယ်။ 

                ဒါပေမယ့်လည်း Windows NT 3.5 မှာ ပြဿနာအနည်းငယ်ရှိခဲ့ပါတယ်။ အဲ့တာကတော့ ဒီ Software ကို Pentium Processor အသုံးပြုထားတဲ့စက်တွေမှာ Install ပြုလုပ်လို့မရတာပါပဲ။ ဒီလိုပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ Microsoft ကနေ Windows NT 3.5.1 ကို ၁၉၉၅ ခုနှစ်မှာ အစားထိုးဖြန့်ချိပေးခဲ့ပါတယ်။

References
Day In Tech History
About Author
Assinged Tags
Microsoft Windows Windows NT Windows NT 3.5
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed