Dual Camera ပါဝင်လာမယ့် Meizu M6 Note ရဲ့ ပုံရိပ်များပေါက်ကြားလာခဲ့ 

date_range 14 August 2017

Dual Camera ပါဝင်လာမယ့် Meizu M6 Note ရဲ့ ပုံရိပ်များပေါက်ကြားလာခဲ့ 

visibility 580 Views

                Meizu ကုမ္ပဏီကနေပြီးတော့ Mid Range ဖုန်းသစ်တစ်ခုဖြစ်တဲ့ Meizu M6 Note ကို ယခု သြဂုတ်လ ၂၃ ရက်နေ့မှာ မိတ်ဆက်ပေးဖို့ရှိပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ Meizu M6 Note မှာ Dual Camera ပါဝင်လာမှာဖြစ်ပြီး Meizu ကုမ္ပဏီရဲ့ ဒုတိယမြောက် Dual Camera အသုံးပြုထားတဲ့ဖုန်းဖြစ်လာမှာပါ။ 


                Meizu M6 Note မှာ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ MediaTek Helio P25 Octa Core CPU ပါဝင်လာဖို့ရှိပြီး RAM နဲ့ Storage ကို RAM 3GB + 32GB နဲ့ RAM 4GB + 64GB ဆိုပြီး ရွေးချယ်၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Screen ကတော့ ယခင် M5 Note လိုမျိုးပဲ 5.5" Full HD Screen တပ်ဆင်ထားမှာဖြစ်ပြီး Battery ကလည်း ကြီးမားတဲ့ 4000mAh Battery ပဲပြန်ပြီး ပါဝင်လာမှာပါ။ 

                ကင်မရာပိုင်းကတော့ Dual Camera စနစ်ပါဝင်လာပြီးတော့ မကြာသေးခင်က ထွက်ခဲ့တဲ့ Meizu E2 လိုမျိုးပဲ Quad LED Flash လည်း ပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ကင်မရာအကြောင်းအသေးစိတ်ကို မသိရှိရသေးတဲ့အတွက် ပါဝင်လာမယ့် Megapixels အရေအတွက် နဲ့ Meizu Pro 7 လိုမျိုး Monochrome + RGB Sensor ဖြစ်မလား၊ Wide Lens + Telephoto Lens ဖြစ်လာမလား ဆိုတာကတော့ ထွက်ရှိလာမယ့် သြဂုတ်လ ၂၃ ရက်နေ့ကြမှပဲ သိရမှာဖြစ်ပါတယ်။ 

                Meizu M6 Note ကို ဈေးနှုန်းအနေနဲ့ 1599 Yuan (သို့) $240 ဝန်းကျင်ကနေရောင်းချသွားမယ်လို့ ခန့်မှန်းထားတဲ့အတွက် တလောကထွက်ထားတဲ့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Xiaomi ရဲ့ Mi 5X နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

References
GSM Arena
About Author
Assinged Tags
Dual Camera Smartphone MediaTek Helio P25 Meizu M6 Note Quad LED Flash Meizu M6 Note
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed