MIUI 9 ၊ Mi 5X စမတ်ဖုန်းနဲ့ AI Speaker တို့ကို တပြိုင်တည်းမိတ်ဆက်လိုက်တဲ့ Xiaomi

date_range 28 July 2017

MIUI 9 ၊ Mi 5X စမတ်ဖုန်းနဲ့ AI Speaker တို့ကို တပြိုင်တည်းမိတ်ဆက်လိုက်တဲ့ Xiaomi

visibility 13320 Views

                Xiaomi ဟာ ယမန်နေ့က ဖုန်းမော်ဒယ်အသစ်ဖြစ်တဲ့ Xiaomi Mi 5X နဲ့ MIUI 9 Operating System အသစ်တို့ကို မိတ်ဆက်ပေးခဲ့သလို၊ AI Speaker တစ်မျိုးကိုပါ တပြိုင်တည်းမိတ်ဆက်ခဲ့ပြီး စမတ်စပီကာစျေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။

Xiaomi Mi 5X 


                Xiaomi Mi 5X ဟာ ဈေးနှုန်းသက်သက်သာသာနဲ့ Dual Camera ပါဝင်လာတဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပြီး Xiaomi ရဲ့ Flagship ဖုန်းတစ်ခုဖြစ်တဲ့ Xiaomi Mi 6 လိုပဲ Portrait ရိုက်ကူးနိုင်တဲ့ Dual 12 Megapixels Camera ပါဝင်မှာဖြစ်ပါတယ်။ 


                Xiaomi Mi 5X ရဲ့ အသေးစိတ်အချက်အလက်တွေ အနေနဲ့ 5.5" Full Display ကို အသုံးပြုပေးထားပြီး Full Metal Body ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ Processor အနေနဲ့ Qualcomm Snapdragon 625 Octa Core CPU ကို အသုံးပြုပေးထားကာ၊ RAM 4GB နဲ့ Internal Storage 64GB ပါဝင်မှာဖြစ်ပါတယ်။ Storage ကို ထပ်ပြီးတိုးချဲ့ချင်တယ်ဆိုရင်တော့ Sim 2 Slot ကနေ တိုးချဲ့နိုင်မှာဖြစ်ပါတယ်။ 

                Xiaomi Mi 5X မှာ အနောက်မှာ Mi6 နဲ့ တူညီတဲ့ Dual 12MP (Wide Lens + Telephoto Lens) ကို တပ်ဆင်ပေးထားပြီး Mi 6 လိုပဲ Portrait Mode, 2× Optical Zoom တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Front Selfie Camera ကိုတော့ 5 Megapixels Camera တပ်ဆင်ပေးထားပါတယ်။ 

                Xiaomi Mi 5X မှာ 3080mAh Battery ပါဝင်ပြီးတော့ USB Type C Port, Audio 3.5mm Port, IR Blaster စတဲ့ Features တွေလည်းစုံလင်စွာပါဝင်မှာဖြစ်ပါတယ်။ Xiaomi Mi 5X Smartphone ကို ဈေးနှုန်းအနေနဲ့ $220 ဝန်းကျင်နဲ့ လာမယ့် သြဂုတ်လအတွင်းမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး MIUI 9 Operation System ပါ တစ်ပါတည်း ပါဝင်လာမယ်လို့ကြေငြာထားပါတယ်။

MIUI 9


                Xiaomi ဖုန်းတွေရဲ့ အဓိက Operating System တစ်ခုဖြစ်တဲ့ MIUI ရဲ့ နောက်ဆုံး Version MIUI 9 ထွက်ရှိလာပါပြီ။ MIUI 9 Operating System အသစ်မှာ Image SearchSmart Assistant နဲ့ Smart app Launcher ဆိုပြီး အဓိက Features ၃ ခု ပါဝင်လာတာ တွေ့ရပါတယ်။

                Image Search ဆိုတာကတော့ တစ်ခါမှပါဝင်ဖူးခြင်းမရှိသေးတဲ့ Features အသစ်တစ်ခုဖြစ်ပြီး ဓါတ်ပုံတွေထဲမှာ ပါဝင်တဲ့ ပစ္စည်း၊ လူနာမည်ကို ရိုက်ရှာလိုက်ရုံနဲ့ သက်ဆိုင်တဲ့ ဓါတ်ပုံကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။ 


                Smart app launcher ကတော့ ဖုန်းသုံးနေတဲ့အချိန်မှာ Screen ပေါ်က Content တွေကိုသိရှိပြီး အဆိုပါ Content နဲ့ သက်ဆိုင်တဲ့ App ကို အလွယ်တကူဖွင့်ပေးတာဖြစ်ပါတယ်။ ဥပမာ တစ်နေရာကိုသွားဖို့ Article တွေကို ဖတ်ရှုနေတယ်ဆိုရင် Smart app launcher က Maps ကို ဖွင့်ပေးမှာဖြစ်ပါတယ်။ 


                နောက်ထပ် အသစ်တိုးလာတဲ့ Feature အသစ်တစ်ခုကတော့ Smart Assistant ဖြစ်ပြီး မည်သည့် ဓါတ်ပုံ၊ စာကိုမဆို ရှာဖွေပေးနိုင်မှာဖြစ်ပါတယ်။


                ဒါ့အပြင် MIUI 9 မှာ Screen ကို ၂ ခြမ်းခွဲပြီး အသုံးပြုနိုင်တဲ့ Split Screen Feature လည်း ပါဝင်လာမှာဖြစ်ပြီး Lightening Fast လို့ ကြေငြာထားတဲ့အတွက် Application တွေဖွင့်တဲ့အချိန်နဲ့ အသုံးပြုနေတဲ့အချိန်မှာလည်း ပိုပြီး သိသိသာသာမြန်ဆန်လာမှာဖြစ်ပါတယ်။ 

                MIUI 9 ကို လက်ရှိအချိန်မှာ China ROM အတွက်ပဲထုတ်ပေးထားတာဖြစ်ပြီး Global ROM အသုံးပြုသူတွေကတော့ ထပ်စောင့်ရဦးမှာဖြစ်ပါတယ်။ MIUI 9 China Developer ROM ကို Mi 6, Mi 5X နဲ့ Redmi Note 4X Qualcomm ဖုန်းတွေကို သြဂုတ်လ ၁၁ ရက်မှာထုတ်ပေးသွားမှာဖြစ်ပြီး ကျန်တဲ့

Mi MIX, Mi Note 2, Mi 5, Mi 5s, Mi 5s Plus, Mi 5c, Mi Max 2, Mi Max 32G, Mi Max 64G/128G, Mi 4S, Mi 4c, Mi Note Pro နဲ့ Redmi 4X

                ဖုန်းတွေကတော့ MIUI 9 China Developer ROM ကို သြဂုတ်လ ၂၅ ရက်နေ့မှ ရရှိမှာဖြစ်ပါတယ်။ Stable ROM အသုံးပြုသူတွေကတော့ စက်တင်ဘာလနှောင်းပိုင်းမှ ရရှိမှာဖြစ်ပြီး Xiaomi Mi 1S နဲ့ Mi 2A ကလွဲပြီး၊ ကျန်တဲ့ Xiaomi ဖုန်းအကုန် Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ 

Xiaomi AI Speaker 


                Xiaomi ဟာ မနေ့ကပွဲမှာ AI Speaker ကိုပါ တပါတည်းမိတ်ဆက်ခဲ့ပြီး၊ ပုံစံအရတော့ ယခင် Xiaomi ကထုတ်ခဲ့ဖူးတဲ့ Xiaomi Air Purifier နဲ့ ဒီဇိုင်းတူညီနေပါတယ်။ 

                Xiaomi AI Speaker ကို ရာသီဥတု၊ သတင်း တွေကို မေးမြန်းနိုင်ပြီး Alarm, Reminder နဲ့ Timer တွေသတ်မှတ်ပေးတာ၊ သီချင်းဖွင့်တာ.. ဖုန်း App ကနေတစ်ဆင့် သီးခြား Add-ons နဲ့ Plugins တွေကိုထည့်သွင်းပြီး အခြာ Functions တွေပါ ခိုင်းစေနိုင်မှာဖြစ်ပါတယ်။ 

                Xiaomi AI Speaker ကို Triple Driver ပုံစံနဲ့ တည်ဆောက်ထားပြီး Button firing driver တစ်ခုနဲ့ Side firing drivers နှစ်ခု ပါဝင်မှာဖြစ်ပါတယ်။ အသံကိုကောင်းစွာသိရှိနိုင်ဖို့အတွက် Echo cancellation ပါဝင်တဲ့ ၃၆၀ ဒီဂရီမှအသံတွေကို ဖမ်းယူနိုင်တဲ့ Microphone ၆ ခုတပ်ဆင်ထားတာဖြစ်ပါတယ်။ 

                Xiaomi AI Speaker ကိုတော့ $44 နဲ့ ရောင်းချမှာဖြစ်ပါတယ်။ 

References
Mi GSM Arena
About Author
Assinged Tags
Xiaomi Artificial Intelligence Smartphones Operating System Smart Speaker MIUI 9 related Dual Camera Smartphones AI MI 5X
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed