Sony XZ1 Compact လို့ ယူဆရတဲ့ Codename Sony G8441 စမတ်ဖုန်းရဲ့ Specification များထွက်ပေါ်

date_range 06 August 2017

Sony XZ1 Compact လို့ ယူဆရတဲ့ Codename Sony G8441 စမတ်ဖုန်းရဲ့ Specification များထွက်ပေါ်

visibility 260 Views

                ယခင်ကထွက်ရှိခဲ့ဖူးတဲ့ Z3 Compact, Z5 Compact လိုမျိုး စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ လက်တစ်ဖက်ထဲသုံးလို့ အဆင်ပြေတဲ့ Screen size 5" အောက်ဖုန်းတွေကို Sony က ထပ်ပြီးမထုတ်တော့တာ အချိန်တစ်ခုရှိပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာတော့ Sony ရဲ့ Compact Series ဖုန်းတစ်လုံးဖြစ်လာမယ့် Sony XZ1 Compact ဖုန်းကို မြင်ရတော့မယ်ထင်ပါတယ်။ 

                ယခုပေါက်ကြားလာတဲ့ Sony G8441 ဖုန်းဟာ Geekbench မှာရော Antutu Benchmark မှာပါ ပေါ်ထွက်လာခြင်းဖြစ်ပြီး Specifications တွေအရတော့ Flagship ဖုန်းတစ်ခုအဖြစ်သတ်မှတ်လို့ရပါတယ်။


                Processor အနေနဲ့ Qualcomm Snapdragon 835 CPU, RAM 4GB ပါဝင်ပြီးတော့ Sony ဖုန်းတွေထဲမှာ ပထမဆုံး Android 8.0 ကို အသုံးပြုလာတဲ့ဖုန်းတောင်ဖြစ်နိုင်ပါတယ်။ Antutu Benchmark ကနေသိရသလောက်ဆိုရင်တော့ Screen Resolution က 720 × 1280 Pixels HD အဆင့်ပဲရှိမှာဖြစ်ပြီး Internal Storage ကလည်း 32GB ပဲထည့်သွင်းထားတာကိုတွေ့ရပါတယ်။ 

                ကင်မရာအနေနဲ့တော့ 8.0MP + 8.0MP လို့ဆိုထားတဲ့အတွက် Sony ကနေများ Dual Camera စနစ်ကို အသုံးပြုလာမှာလား၊ Front + Back Camera ကို 8 Megapixels စီပါတယ်ဆိုပြီးပြောတာလားကတော့ အတိအကျမပြောနိုင်သေးပါဘူး။ 

                အချို့ကတော့ Sony XZ1 Compact ဟာ HD Resolution ပဲရှိတဲ့အတွက် 4.6" Screen ကိုပဲ အသုံးပြုသွားမှာဖြစ်ပြီး Battery အနေနဲ့ 2800mAh Battery ပါဝင်လာမယ်လို့ သိရပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Sony Smartphones XZ1 Compact Sony XZ1 Compact Sony G8441
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed