Samsung Galaxy S8 Active အတွက် ဓာတ်ပုံများပေါက်ကြား

date_range 24 July 2017

Samsung Galaxy S8 Active အတွက် ဓာတ်ပုံများပေါက်ကြား

visibility 980 Views

                Samsung မှ Galaxy Active Series ဟာ ထွက်ရှိထားတဲ့ Flagship S-Series ဖုန်းတွေကို ပြုတ်ကျဒဏ် နဲ့ ပွန်းပဲ့တဲ့ဒဏ်တွေခံနိုင်တဲ့ ပုံစံတစ်မျိုးနဲ့ ထပ်မံထုတ်လုပ်ပေးထားတဲ့ စမတ်ဖုန်း Series တစ်မျိုးပဲဖြစ်ပါတယ်။ ဒီလိုအကြမ်းခံနိုင်တဲ့စမတ်ဖုန်းတွေကို Construction Site လိုမျိုး အန္တရာယ်ရှိတဲ့နေရာတွေမှာ အလုပ်လုပ်နေရသူတွေအဖို့ ထိခိုက်မှုတွေကြောင့် ဖုန်းအလွယ်တကူမပျက်စီးနိုင်အောင် နဲ့ ဖုန်းကိုပေါ့ပေါ့ဆဆကိုင်တွယ်မှုကြောင့် ပြုတ်ကျ/ပွန်းပဲ့တာတွေမဖြစ်အောင် ရည်ရွယ်ပြီး Active Series စမတ်ဖုန်းတွေကို Samsung မှထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ 

                လက်တလောထွက်ရှိထားတဲ့ Samsung Galaxy S8 ဟာ S-Series Lineup မှာ ဒီဇိုင်းအဆန်းဆုံးနဲ့ ဘေးဘောင်ပါးလွှာပြီး Physical Home Button အစား Pressure-Sensitive Home Button ကိုထည့်သွင်းပေးခဲ့တဲ့ Flagship စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ လက်တလောမှာတော့ Samsung Galaxy S8 Active အတွက် သတင်းတွေအများအပြားမရှိသေးပေမဲ့ Galaxy S8 Active ကို Hands On အနေနဲ့ ဓာတ်ပုံအချို့အင်တာနက်ပေါ်မှာ ပေါက်ကြားထားပါတယ်။


                ဓာတ်ပုံတွေထဲမှာ မြင်တွေ့ရတဲ့အတိုင်း Galaxy S8 Active ဟာ Galaxy S8 လိုမျိုးတော့ Curved Screen ကိုအသုံးပြုထားခြင်းမရှိပဲ Flat Display Panel ကိုပဲအသုံးပြုထားပါတယ်။ ဒီလိုမျိုးအသုံးပြုထားတာဟာ ပြုတ်ကျတာနဲ့ ထိခိုက်မိတဲ့အခါ Screen ကို Damage ထိတာနည်းပါးသွားအောင်လို့ ယူဆရပါတယ်။

                အရင်ထွက်ရှိခဲ့တဲ့ Active Series လိုမျိုး Back, Home နဲ့ Menu စ တဲ့ Navigation Button တွေကို Physical Button အသုံးမပြုတော့ပဲ Capacitive Button အနေနဲ့ Galaxy S8 လို Screen ပေါ်မှာပဲ ပါ၀င်လာမှာဖြစ်ပါတယ်။ 

                Bixby Physical Button တော့ S8 Active မှာဆက်လက်တွေ့မြင်ရမှာဆိုပေမဲ့ အရင်ထွက်ရှိခဲ့တဲ့ Active Series တွေအတိုင်း Active Physical Button တော့ ပါ၀င်လာမှာမဟုတ်တော့ပါဘူး။ Active Button ဆိုတာကတော့ Short Press နဲ့ Long Press အပေါ်မူတည်ပြီး ကိုယ်စိတ်ကြိုက်သတ်မှတ်ထားတဲ့ App ကိုအလွယ်တကူဖွင့်လို့ရအောင် Active Series တွေအထူးပြုလုပ်ပေးထားတဲ့ Physical Button တစ်မျိုးပဲဖြစ်ပါတယ်။


                Galaxy S8 Active ရဲ့ကိုယ်ထည်ကို Polycarbonate နဲ့ပြုလုပ်ပေးထားပြီး ဘေးဘောင်တွေကို Metal Frame နဲ့ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။ 4,000 mAh ပမာဏပါ၀င်တဲ့ Battery ကိုလည်းအသုံးပြုထားဦးမှာမို့ Galaxy S8 Active မှာ အရင်ထွက်ရှိထားတဲ့ Galaxy S8 ထက် အနည်းငယ်ပိုထူထပ်မှာဖြစ်ပါတယ်။ 

                Galaxy S8 Active အနေနဲ့ AT&T အတွက်သီးသန့်ထွက်ရှိလာမယ်လို့ ကောလဟာလတွေထွက်ရှိထားပါတယ်။ ဒါပေမဲ့လည်း ပေါက်ကြားထားတဲ့ဓာတ်ပုံတွေအရတော့ Carrier တစ်ခုတည်းအောက်မှာပဲ သီးသန့်ရောင်းချပေးမယ့်ပုံစံမျိုးတော့မဟုတ်ပါဘူး။ 

References
XDA Developers
About Author
Assinged Tags
Samsung Samsung Galaxy Samsung Galaxy S8 Smartphone Leaks Galaxy S8 Leaked information Samsung Galaxy S8 Active S8 Active Galaxy S8 Active Active Active Series
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed