16 MP Camera, 4GB RAM နဲ့ Snapdragon 630 Processor ပါဝင်လာနိုင်တဲ့ Xiaomi Redmi 5

date_range 16 July 2017

16 MP Camera, 4GB RAM နဲ့ Snapdragon 630 Processor ပါဝင်လာနိုင်တဲ့ Xiaomi Redmi 5

visibility 6300 Views

                ပြီးခဲ့တဲ့ အပတ်တွေတုန်းက Xiaomi Redmi Note 5 ရဲ့ သတင်းအချက်အလက်တွေပေါက်ကြားခဲ့ပြီး ယခုအချိန်မှာ Xiaomi Redmi Series ဖုန်းတစ်မျိုးဖြစ်တဲ့ Redmi 5 ရဲ့ ဈေးနှုန်းအပါအဝင် အခြားအချက်အလက်များ တရုတ် Social Site တစ်ခုဖြစ်တဲ့ Weibo မှာ ပေါက်ကြားလာခဲ့ပါတယ်။ 


                ယခုပေါက်ကြားလာတဲ့သတင်းအရတော့ Redmi 5 မှာ ယခင် Redmi Series တွေလို Snapdragon 400 Series ကို အသုံးပြုတော့မှာမဟုတ်ပဲ၊ စွမ်းဆောင်ရည်ပိုကောင်းတဲ့ Snapdragon 630 နဲ့ Snapdragon 625 Chips တွေကို အသုံးပြုလာမှာဖြစ်ပါတယ်။ 

                နောက်ထပ် ပြောင်းလဲမှုတစ်ခုကတော့ Redmi 4 တုန်းကလိုမျိုး Redmi 4 Prime ကိုပဲ Full HD Display တပ်ဆင်ပေးထားတာမျိုးမဟုတ်တော့ပဲ၊ Redmi 5 အကုန်လုံးမှာ Full HD Display ပါဝင်မှာဖြစ်ပါတယ်။


                ကင်မရာအနေနဲ့တော့ အနောက်ကင်မရာကို 16 Megapixels Camera နဲ့ အရှေ့ကင်မရာကိုတော့ 5 Megapixels တပ်ဆင်ထားမယ်လို့ သိရပါတယ်။ 

                Battery ကတော့ ယခင်လို 4100mAh Battery အစား၊ 3680mAh Battery ပါဝင်လာဖွယ်ရှိပါတယ်။ အဲ့ဒါကြောင့် ဒီဇိုင်းပိုင်း အနေနဲ့ ပိုပါးလွှာလာမယ်လို့ ခန့်မှန်းရပါတယ်။Fingerprint Scanner နဲ့ Sim2 Slot ကနေ microSD ထည့်သွင်းနိုင်တာကတော့ နဂိုအတိုင်းပဲ ရှိဦးမှာပါ။

                Redmi 5 ကို လက်ရှိသတင်းအရ Snapdragon 625 CPU နဲ့ Redmi 5 ကို RAM 3GB နဲ့ Storage ကို 16GB/32GB (၂) မျိုးထုတ်လုပ်မှာဖြစ်ပြီး ဈေးအနေနဲ့ $125 နဲ့ $155 ဝန်းကျင်၊ Snapdragon 630 CPU နဲ့ Version ကိုတော့ RAM 3GB/32GB, RAM 4GB/32GB နဲ့ RAM 4GB/64GB ဆိုပြီး (၃)မျိုး ထုတ်သွားမှာဖြစ်ကာ၊ ဈေးကတော့ $160 ကနေ $190 အထိ ရှိပါလိမ့်မယ်။ 

                Xiaomi Redmi 5 စမတ်ဖုန်းကိုနောက်လ MIUI 9 ကြေငြာပြီး မကြာခင် မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ 


References
Android Authority
About Author
Assinged Tags
Xiaomi Smartphones Rumors Specifications Leaks Redmi 5
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed