Xiaomi Redmi Note Series ရဲ့ မျိုးဆက်သစ် Xiaomi Redmi Note 5 ကို မကြာခင်မိတ်ဆက်နိုင်ဖွယ်ရှိ

date_range 07 July 2017

Xiaomi Redmi Note Series ရဲ့ မျိုးဆက်သစ် Xiaomi Redmi Note 5 ကို မကြာခင်မိတ်ဆက်နိုင်ဖွယ်ရှိ

visibility 2140 Views

                Xiaomi ဖုန်းတွေထဲမှာ အရောင်းရဆုံးဖုန်း Series လို့ ပြောလို့ရတဲ့ Xiaomi Redmi Note Series ဟာ ဈေးကွက်အတွင်းမှာလည်း စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဈေးနှုန်းသက်သာတဲ့အတွက် လူကြိုက်အများဆုံးဖုန်းတွေလည်းဖြစ်ပါတယ်။ 

                ယခုနောက်ဆုံးရသတင်းတွေအရ မကြာခင် Redmi Note 5 ကို မိတ်ဆက်သွားပေးဖို့ရှိပြီး ဒီတစ်ခါမှာလည်း ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ဖုန်းတွေဖြစ်ဦးမှာပါ။ 

                လက်ရှိပေါက်ကြားထားတဲ့ Specifications အရ Redmi Note 5 မှာ ယခင်လိုပဲ 5.5" အရွယ် Full HD IPS Screen ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ CPU Processor အနေနဲ့ MediaTek အစား နောက်ဆုံးထွက်ရှိထားတဲ့ Qualcomm Snapdragon CPU တွေဖြစ်တဲ့ Snapdragon 630 ဒါမှမဟုတ် ပိုပြီး Performance ကောင်းတဲ့ Snapdragon 660 နဲ့ ပွဲထွက်လာဖို့များပါတယ်။ အဆိုပါ CPU ၂ မျိုးစလုံးဟာ ပါဝါစားသက်သာတဲ့ 14nm Architecture ကို အသုံးပြုထားတာဖြစ်တဲ့အတွက် ဘယ် CPU ကိုပဲသုံးသုံး Battery အစားသက်သာမှာဖြစ်ပါတယ်။

                Redmi Note 5 ဟာ Redmi Note စီးရီးမှာ ပထမဆုံးအနေနဲ့ Home Button ပါဝင်လာဖို့ ရှိပြီး၊ Fingerprint Sensor ကလည်း အရင်လို ကျောဘက်အစား ရှေ့ဘက် Home ခလုတ်မှာ ရောက်သွားမှာပါ။

                ဒါပေမယ့် Redmi Note 5 မှာ Battery ကို 3790mAh ကိုလျော့ချလိုက်မှာဖြစ်ပါတယ်။ ဒီလိုလျော့ချလိုက်ပေမယ့်လည်း ပါဝါစားသက်သာတဲ့ CPU ကြောင့် ယခင်အတိုင်း ကြာရှည်ခံဦးမှာဖြစ်ပါတယ်။ Battery ပမာဏနည်းသွားတဲ့အတွက်ကြောင့် Redmi Note 5 ဟာ 7.5mm ပဲအထူရှိမှာဖြစ်ပြီး Qualcomm ရဲ့ အားအမြန်သွင်းစနစ်တစ်ခုဖြစ်တဲ့ QuickCharge 3.0 ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ USB Port ကလည်း USB Type C ကို အဆင့်မြှင့်တင်ထားမှာဖြစ်ပါတယ်။ 

                နောက်ထပ် သတင်းကောင်းတစ်ခုကတော့ Redmi Note 5 မှာ ကင်မရာကိုလည်း အဆင့်မြှင့်တင်ထားတာပဲဖြစ်ပါတယ်။ Back Camera ကို Sony IMX 234 Sensor အသုံးပြုထားတဲ့ 16 Megapixels Camera တပ်ဆင်ထားမှာဖြစ်ပြီး Front Selfie Camera ကိုလည်း 13 Megapixels သို့ အဆင့်တိုးမြှင့်ထားမှာဖြစ်ပါတယ်။ 

                Redmi Note 5 ကို RAM 3GB/32GB; RAM 4GB/32GB နဲ့ RAM 4GB/64GB ဆိုပြီး ထုတ်လုပ်သွားမှာဖြစ်ပြီး ဈေးနှုန်းတွေအနေနဲ့ $ 175 ကနေ $220 အတွင်းပဲရှိမှာဖြစ်ပါတယ်။ 

                Redmi Note 3, Redmi Note 4 ကိုင်ထားတဲ့သူတွေအတွက် အဆင့်မြှင့်တင်စရာဖုန်းတစ်ခုဖြစ်လာမယ့် ဒီ Redmi Note 5 ဖုန်းကို တရားဝင်မကြေငြာသေးပေမယ့် မကြာခင်မှာထွက်ရှိလာတော့မှာဖြစ်ပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Xiaomi Smartphones Rumors Redmi Note 5
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed