စမတ်ဖုန်းနည်းပညာတွေမြင့်မားလာတာနဲ့အမျှ စမတ်ဖုန်းတွေကိုလည်းပုံစံမျိုးစုံနဲ့ ယနေ့ခေတ်မှာ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကထုတ်လုပ်ပေးခဲ့တဲ့ Xiaomi ရဲ့ Mi MIX ဖုန်းဟာ Design ပိုင်းမှာ အတော်လေးနာမည်ကြီးခဲ့သလို ယခုနှစ်မှာထုတ်လုပ်လိုက်တဲ့ Samsung ရဲ့ Galaxy S8 နဲ့ S8+ ( Infinity Display ) တို့ရဲ့ Design ဟာလည်း စမတ်ဖုန်းလောကရဲ့ တိုးတက်ပြောင်းလဲလာမှုကို အထင်းသားတွေ့မြင်ရမှာဖြစ်ပါတယ်။
အခုတစ်ခါမှာတော့ Sharp ကနေ FS 8010 နှင့် FS 8016 ဆိုပြီး ဖုန်းအမျိုးအစားအသစ်နှစ်ခုကို ဘောင် ၄ ဘက်စလုံးအပျောက်ပုံစံနဲ့ ထုတ်လုပ်သွားမှာဖြစ်ပြီး ယခု ဂျူလိုင်လ ၁၇ ရက်နေ့မှာ မိတ်ဆက်ပေးသွားနိုင်ဖွယ်ရှိနေပါတယ်။ Sharp အနေနဲ့တော့ ဘောင်ပျောက်ပုံစံနဲ့ ဖုန်းထုတ်လုပ်တာ ယခုအကြိမ်က ပထမဆုံးမဟုတ်ဘဲ၊ ၂၀၁၄ ခုနှစ်က Sharp Aquos Crystal ဆိုပြီး ဘောင် ၃ ဘက်အပျောက်နဲ့ ဖုန်းကိုထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။
အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ Sharp FS 8016 နှင့် FS8010 တို့ကို 5.5 လက်မမျက်နှာပြင်အကျယ်အဝန်းနဲ့ ထုတ်လုပ်ပေးသွားမှာဖြစ်ပြီး Screen Resolution အနေနဲ့တော့ 2048 x 1080 Pixels ၊ Screen to Body Ratio က အနည်းဆုံး 91.3% နဲ့ ထုတ်လုပ်သွားနိုင်ခြေရှိနေပါတယ်။

Processor အနေ နဲ့တော့ FS 8016 အတွက်ကိုတော့ Qualcomm ကထုတ်လုပ်ပေးထားတဲ့ Mid-Range Series ထဲက နောက်ဆုံးဖြစ်တဲ့ Snapdragon 660 SoC ကိုအသုံးပြုသွားနိုင်ချေရှိပြီး၊ FS8010 အတွက်ကိုတော့ Snapdragon 630 နဲ့ ထုတ်လုပ်သွားခြေရှိနေပါတယ်။ RAM အနေနဲ့တော့ FS8016 အတွက် 6GB နှင့် FS 8010 အတွက်ကိုတော့ 4GB အသုံးပြုသွားမယ်လို့သိရပါတယ်။ FS8016 နှင့် FS 8010 နှစ်မျိုးလုံးမှာ Dual Camera တပ်ဆင်ပေးထားမှာဖြစ်ပြီး၊ 12MP + 12 MP ကျောကင်မရာနဲ့၊ Secondary Camera အတွက်ကိုတော့ 8MP တပ်ဆင်ပေးသွားနိုင်ခြေရှိတယ်လို့ သတင်းတွေကျယ်ပြန့်စွာ ထွက်ပေါ်နေတာတွေ့ရပါတယ်။
FS8010 နှင့် FS 8016 တို့အတွက် ဈေးနှုန်းသတ်မှတ်ချက်ထွက်ပေါ်လာခြင်းမရှိသေးသလို ၁၇ ရက်နေ့ မိတ်ဆက်ပေးသွားမယ်ဆိုတာကိုလည်း အတည်ပြုထားခြင်းမရှိသေးတဲ့အတွက် စောင့်ကြည့်ရဦးမှာပါ။ အကယ်လို့ မိတ်ဆက်ပေးနိုင်ခဲ့ပါက ပထမဆုံး ဘောင် ၄ ဖက်စလုံး မပါဝင်တဲ့ စမတ်ဖုန်းအဖြစ် မှတ်တမ်းဝင်သွားမှာလည်းဖြစ်ပါတယ်။

This Article is Contributed by AK
 
             
	 
      			 
      			 
      			 
      			 
                     
                         
                         
                         
                         
                         
                             
                             
                             
                             
                             
             
             
             
             
            
Join Us On