Xiaomi ရဲ့ ဈေးနှုန်းသက်သာတဲ့ Dual Camera ဖုန်းတစ်လုံးဖြစ်လာဦးမယ့် Redmi Pro 2

date_range 30 June 2017

Xiaomi ရဲ့ ဈေးနှုန်းသက်သာတဲ့ Dual Camera ဖုန်းတစ်လုံးဖြစ်လာဦးမယ့် Redmi Pro 2

visibility 15260 Views

                Xiaomi ကနေ Dual Camera စနစ်ကို စတင်အသုံးပြုထားခဲ့တဲ့ Redmi Pro စမတ်ဖုန်း ထွက်ထားတာ အခုဆိုရင် ၁ နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။ အခုဆို နောက်ထပ် ထွက်ရှိလာမယ့် Redmi Pro 2 မှာလည်း Dual Camera ပါဝင်ဦးမှာဖြစ်တယ်လို့ သိရပြီး၊ Redmi Pro 2 ရဲ့ Specifications တွေလည်း ပေါက်ကြားလာပါပြီ။


                လက်ရှိသတင်းပေါက်ကြားချက်တွေအရ Xiaomi Redmi Pro 2 ဟာ ယခင် OLED Display အစား TCL Company က ထုတ်လုပ်တဲ့ Full HD LCD Display ကိုပဲ သုံးစွဲလာမှာဖြစ်ပြီး Screensize ကတော့ ယခင်လိုပဲ 5.5" ရှိမှာဖြစ်ပါတယ်။ 

                Dual Camera စနစ်မှာ အသုံးပြုလာမယ့် Camera Sensor တွေကိုလည်း မြင်တွေ့ခဲ့ရပြီး Back Camera မှာ 12MP Sony IMX362 Sensor နဲ့အတူ 5MP Samsung S5K4E8 sensor ပါဝင်လာမှာဖြစ်ပါတယ်။ Front Selfie Camera ကိုလည်း အဆင့်မြှင့်တင်ခဲ့ပုံရပြီး အခု Redmi Pro 2 မှာ 16MP Samsung S5K3P8 sensor ပါဝင်လာမှာပါ။ 

                Performance အနေနဲ့တော့ Xiaomi Redmi Pro 2 မှာ ယခင် Generation လိုမျိုး MediaTek CPU မသုံးတော့ပဲ လက်ရှိ Qualcomm ရဲ့ Mid Range CPU အသစ်ဖြစ်တဲ့ Snapdragon 660 CPU ကို အသုံးပြုလာဖို့ရှိပါတယ်။ RAM အနေနဲ့ 3GB (သို့) 4GB ပါဝင်လာပြီး Storage ကိုတော့ 32GB ကနေ 128GB အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ 

                နောက်ဆုံးသိရတဲ့သတင်းတွေအရ Xiaomi Redmi Pro 2 ဟာ ဈေးနှုန်းအနေနဲ့ 1199 Yuan မှစတင်ရောင်းချမှာဖြစ်တဲ့အတွက် ငွေကျပ် ၂ သိန်းခွဲဝန်းကျင်နဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Xiaomi ဖုန်းတစ်လုံးကို မြင်တွေ့ရဦးမှာဖြစ်ပါတယ်။ 

References
GizChina
About Author
Assinged Tags
Xiaomi Smartphones Rumors Xiaomi Redmi Pro 2 Dual Camera Smartphones Snapdragon 660 Redmi Pro 2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed