စက်တင်ဘာလထဲ ၉၂၅ ဒေါ်လာစျေးနဲ့ မိတ်ဆက်ပေးသွားဖွယ်ရှိတဲ့ Galaxy Note 8

date_range 25 June 2017

စက်တင်ဘာလထဲ ၉၂၅ ဒေါ်လာစျေးနဲ့ မိတ်ဆက်ပေးသွားဖွယ်ရှိတဲ့ Galaxy Note 8

visibility 1420 Views

                Apple က iPhone 8 ကို မိတ်ဆက်သွားဖို့ရှိတဲ့ စက်တင်ဘာလထဲမှာပဲ ပြိုင်ဘက် Samsung ကုမ္ပဏီကလည်း Galaxy Note 8 ကို တစ်လထဲမှာ မိတ်ဆက်ပေးသွားဖို့ ရှိတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

                အခုထွက်ပေါ်နေတဲ့သတင်းတွေအရ Samsung Galaxy Note 8 ဟာ Samasung က ထုတ်ဖူးသမျှ ဖုန်းတွေအားလုံးထဲမှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်လာနိုင်ဖွယ်ရှိပြီး $925 ဝန်းကျင်ခန့်နဲ့ ရောင်းချပေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

                Samsung Galaxy S8 နှင့် S8 Plus တို့ရဲ့ဈေးနှုန်းတွေက $725 နှင့် $825 အသီးသီးဖြစ်တာကြောင့် Note 8 ကို $925 နဲ့ ရောင်းချပေးသွားမယ်လို့ ခန့်မှန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာပါ။

                မသေချာသေးတဲ့ Specifications ခန့်မှန်းမှုတွေအရတော့ Galaxy Note 8 ကို 6.3 လက်မမျက်နှာပြင်အကျယ်အဝန်းပေါ်မှာ 18.5:9 Ratio, Infinity Display, Super AMOLED Display တို့နဲ့ ထုတ်လုပ်သွားဖွယ် ရှိပါတယ်။

                Dual Camera အသုံးပြုထားတဲ့ဖုန်းဖြစ်လာနိုင်ချေရှိနေပြီး 12MP စီ အသီးသီးတပ်ဆင်ပေးထားမည်ဖြစ်ကာ Optical image Stabilization လဲပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။ Camera Lens ကိုတော့ Horizontal အနေအထားနဲ့ တပ်ဆင်ပေးထားမှာဖြစ်ပြီး၊ ဘယ်ဘက်ဘေးမှာတော့ Heart Rate Sensor နဲ့ Flash တို့အသီးသီးပါဝင်လာနိုင်ပါတယ်။ Fingerprint Sensor ကိုလည်း Galaxy S8 အတိုင်း ကျောဘက်မှာပဲ တပ်ဆင်ပေးသွားဖွယ် ရှိပါတယ်။

                S8 အတိုင်းပဲ Galaxy Note 8 ကို ရောင်းချပေးသွားမယ့် နိုင်ငံအပေါ်မှာ မူတည်ပြီး Snapdragon 835 နှင့် Samsung ရဲ့ ကိုယ်ပိုင် Processor ဖြစ်တဲ့ Exynos 8895 နှစ်မျိုး ထုတ်လုပ်သွားဖို့ ရှိပါတယ်။ RAM အနေနဲ့ကတော့ 6GB ပါဝင်လာမှာပါ။

                ဒါပေမယ့် Battery အနေနဲ့ 3300 mhA ဘက်ထရီသာ ပါဝင်လာနိုင်ဖွယ်ရှိပြီး ၊Galaxy Note Series တွေရဲ့ Trademark တစ်ခုဖြစ်တဲ့ S Pen အတွက် နေရာပေးထားရတာကြောင့် Battery ပိုင်းမှာ အနည်းငယ်အားနည်းသွားနိုင်ဖွယ်ရှိနေတာပါ။ အရောင်တွေအနေနဲ့တော့ Black , Blue နှင့် Gold ဆိုပြီး အရောင်၃ ရောင် မိတ်ဆက်ပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

                Galaxy Note 7 ရဲ့ မကောင်းတဲ့ပုံရိပ်တွေကို Note 8 အနေနဲ့ ခြေဖျက်နိုင်မလားဆိုတာကတော့ စက်တင်ဘာလဲမှာ ကျနော်တို့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

This Article is Contributed by AK
References
Venture Beat GSM Arena
About Author
Assinged Tags
Samsung Smartphones Rumors Galaxy Note 8
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed