iPhone 8 မှာ ကြိုးမဲ့အားသွင်းစနစ် ပါဝင်ဖို့ သေချာသလောက်ရှိ

date_range 19 June 2017

iPhone 8 မှာ ကြိုးမဲ့အားသွင်းစနစ် ပါဝင်ဖို့ သေချာသလောက်ရှိ

visibility 3480 Views

                Apple ရဲ့ iPhone 8 ဟာ ဒီနှစ်ထဲမှာ ထွက်ဖို့ရှိတဲ့ စမတ်ဖုန်းတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်ပါတယ်။ iPhone သက်တမ်း ၁၀ နှစ်ပြည့်အနေနဲ့ ထွက်ရှိလာမယ့် iPhone 8 မှာ Apple အနေနဲ့ ဘယ်လိုဆန်းသစ်မှုတွေ လုပ်ပြမလဲဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။

                အခုနောက်ဆုံးရရှိလာတဲ့ သတင်းတစ်ခုအရ iPhone 8 မှာ Wireless Charging ( ကြိုးမဲ့အားသွင်းနည်းပညာ) နဲ့ Waterproofing ( ရေစိမ်ခံနိုင်စွမ်းရည်) တို့ ပါဝင်လာဖို့ ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ Apple ရဲ့ iPhone ထုတ်လုပ်သူကုမ္ပဏီတစ်ခုဖြစ်တဲ့ Wistron ရဲ့ CEO က အတည်ပြုပြောကြားခဲ့တာဖြစ်ပြီး၊ ကောလဟာလသတင်းတွေထဲမှာ လောလောဆည်အခိုင်မာဆုံးလို့ ဆိုနိုင်ပါတယ်။

                Wistron ဟာ Foxconn နဲ့ Pegatron တို့လိုပဲ iPhone တွေကို တာဝန်ယူထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ အိန္ဒိယနိုင်ငံမှာ iPhone ထုတ်လုပ်ခွင့်လည်း ရထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ကာ၊ လောလောဆည် iPhone SE တွေကို ထုတ်နေတယ်လို့ သိရပါတယ်။ 

“ iPhone အရင် Generation တွေတုန်းက ထုတ်လုပ်တပ်ဆင်မှုအဆင့်က သိပ်အပြောင်းအလဲမရှိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ Waterproof နဲ့ Wireless Charging လို Features အသစ်တွေကြောင့် စမ်းသပ်စစ်ဆေးမှု အသစ်တွေ လိုအပ်လာပြီး၊ Waterproof ဖြစ်ဖို့အတွက် ထုတ်လုပ်တပ်ဆင်မှုလုပ်ငန်းအဆင့် အနည်းငယ်အပြောင်းအလဲရှိသွားမှာပါ”

                လို့ Wistron ရဲ့ CEO ဖြစ်သူ Robert Hwang က ကုမ္ပဏီရဲ့ နှစ်စဉ်ရှယ်ယာရှင်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

                Wireless Charging အတွက် Apple အနေနဲ့ လက်ရှိ Industry Standard ဖြစ်တဲ့ Qi Wireless Charging Standard ကိုပဲ သုံးမလား၊ ဒါမှမဟုတ် အရင်ကတည်းက သတင်းတွေထွက်နေတဲ့ အကွာအဝေးမြင့် Wireless Charging ကိုပဲ သုံးမလားကတော့ သေချာမသိရသေးပါဘူး။ 

                ရေစိုခံနိုင်စွမ်းရည်က iPhone 7 မှာကတည်းက Water-resistance အဆင့်သတ်မှတ်ချက် IP 67 ရရှိထားတာဖြစ်ပေမယ့်၊ အခု iPhone 8 မှာက Waterproof ဆိုတာကြောင့် IP Rating 68 အထိ ဖြစ်သွားမယ်လို့ ခန့်မှန်းရပါတယ်။ Wireless Charging နဲ့ Waterproof Features တွေက ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီဖြစ်တဲ့ Samsung ရဲ့ Flagship ဖုန်းတွေမှာ ပါပြီးသားဆိုတော့၊ Apple အနေနဲ့ တီထွင်ဆန်းသစ်မှုလုပ်တယ်လို့တော့ မခေါ်ဆိုနိုင်ပါဘူး။

                အထက်ပါ Feautres တွေထက်စာရင် iPhone 8 မှာ ပါမယ်လို့ ကောဟဟာလထွက်နေတဲ့ Under-Glass Fingerprint Sensor, AR နဲ့ VR Features တွေက ပိုစိတ်ဝင်စားဖို့ ကောင်းမှာပါ။

References
Gadgets NDTV Forbes
About Author
Assinged Tags
Rumors iPhone 8 related news Wireless Charging Waterproof
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed