Google Pixel XL 2 ရဲ့ သတင်းအချက်အလက်များထွက်ပေါ်

date_range 12 June 2017

Google Pixel XL 2 ရဲ့ သတင်းအချက်အလက်များထွက်ပေါ်

visibility 840 Views

                Google ကနေ ထပ်မံမိတ်ဆက်တော့မယ့် Google Pixel 2 စီးရီးထဲက Pixel XL 2 ရဲ့ သတင်းအချက်အလက်တွေ GFX Bench website မှာ ထွက်ပေါ်လာပြီဖြစ်ပါတယ်။

                5.6" Screen လို့ထွက်ပေါ်လာပေမယ့် Resolution က 2560×1312 ဖြစ်နေတဲ့အတွက်၊ Display က LG G6 လိုမျိုး ပုံမှန် 16:9 Ratio မဟုတ်ပဲ 18:9 Aspect Ratio နဲ့ လာမယ်လို့ ခန့်မှန်းရပါတယ်။ 

                Google Pixel XL 2 ရဲ့ Specifications တွေအနေနဲ့ကတော့ လောလောဆည် သိပ်ပြီးထူးခြားမှုမရှိပဲ၊ Qualcomm Snapdragon 835 Processor, 4GB RAM နဲ့ 128GB ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။ 


                ကင်မရာပိုင်းအနေနဲ့လည်း ယခင် Google Pixel ဖုန်းတွေလိုပဲ 12 Megapixels Back Camera နှင့်အတူ Front Camera က 7 Megapixels ပါဝင်ဦးမှာဖြစ်ပါတယ်။ ကင်မရာပိုင်းကတော့ အများကြီးပြောင်းလဲသွားတယ်လို့ မထင်ရပါဘူး။ 

                Google Pixel 2 ကို Snapdragon 835 ကို အနည်းငယ် Improve ပြုလုပ်ထားတဲ့ Snapdragon 836 လည်းပြောင်းလဲအသုံးပြုနိုင်တယ်လို့ သတင်းထွက်နေပြီးတော့ ပြောင်းလဲလိုက်တဲ့ 18:9 Aspect Ratio Screen ကြောင့် Pixel XL 2 ဟာ Bezel-less ဖုန်းတစ်ခုဖြစ်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

References
Android Community Slash Gear
About Author
Assinged Tags
Google Smartphones Snapdragon 835 Google Pixel Google Pixel XL Rumors Google Pixel 2 Google Pixel XL 2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed