Fingerprint Scanner ပါဝင်လာတဲ့ Xiaomi Mi Notebook Air 13.3" အသစ်ကို မကြာမီမိတ်ဆက်ဖွယ်ရှိ

date_range 12 June 2017

Fingerprint Scanner ပါဝင်လာတဲ့ Xiaomi Mi Notebook Air 13.3" အသစ်ကို မကြာမီမိတ်ဆက်ဖွယ်ရှိ

visibility 3190 Views

                Xiaomi ဟာ မနှစ်ကစပြီး Laptop ဈေးကွက်ထဲကို Xiaomi Mi Notebook Air 12.5" နဲ့ 13.3" Model ၂ မျိုးနဲ့ဝင်ရောက်လာခဲ့ပါတယ်။ အခုအချိန်မှာ နောက်ထပ်မော်ဒယ်အသစ်ဖြစ်တဲ့ Mi Notebook Air 13.3" ကို ထပ်မံမိတ်ဆက်သွားနိုင်ဖွယ်ရှိပြီး၊ အဆိုပါမော်ဒယ်သစ်ရဲ့ Specifications နဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ စတင်ပေါက်ကြားလာတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

                Mi Notebook Air 13.3" အသစ်မှာ ထူးခြားချက်အနေနဲ့ Trackpad အပေါ်ထောင့်မှာ Fingerprint Scanner ကိုတွေ့လာရပြီး၊ အခြားဒီဇိုင်းပိုင်းအရတော့ သိပ်ပြီးပြောင်းလဲမှုမရှိပါဘူး။ CPU မှာတော့ ယခင် 6th Generation Core i5 အစား 7th Gen Core i5 - 7200U နဲ့ အစားထိုးလာတာကိုတွေ့ရပါတယ်။


                ကြီးမားတဲ့ပြောင်းလဲမှုအနေနဲ့ Graphic Card ကို ယခင် GTX 940MX အစား Gefore MX150 Card နဲ့ ပြောင်းလဲထားတာဖြစ်ပါတယ်။ Geforce MX150 ဆိုတာ Laptop အတွက် Nvidia ရဲ့ Pascal Architecture သုံးထားတဲ့ဖြစ်ပြီး ယခင် GTX 940MX ထက် Performance per watt ၃ ဆ သာလွန်မှာဖြစ်ပါတယ်။


                အခြားအချက်အလက်တွေကတော့ ပြောင်းလဲမှုသိပ်မရှိပဲ 8GB RAM, 128 or 256GB M.2 SSD Storage, Bluetooth 4.0, USB-C Port, USB 3.0 2 Ports ပါဝင်မှာဖြစ်ပါတယ်။ အလေးချိန်အနေနဲ့လည်းယခင် Generation လိုပဲ 1.3Kg သာရှိတဲ့အတွက် Xiaomi ရဲ့ နောက်ထပ်စွမ်းဆောင်ရည်မြင့် Ultrabook တစ်ခုကို မကြာခင်မြင်ရဦးမယ်လို့ ခန့်မှန်းရပါတယ်။


References
GSM Arena
About Author
Assinged Tags
Xiaomi Laptop Notebook Ultrabook Mi Notebook Air Fingerprint Scanner
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed