LG G6 Pro နှင့် LG G6 Plus ကို LG Pay စနစ်အသစ်နှင့်အတူ မကြာခင် မိတ်ဆက်မည်

date_range 10 June 2017

LG G6 Pro နှင့် LG G6 Plus ကို LG Pay စနစ်အသစ်နှင့်အတူ မကြာခင် မိတ်ဆက်မည်

visibility 450 Views

                LG ကနေ Qualcomm Snapdragon 821 CPU နဲ့ LG G6 ကိုပြီးခဲ့တဲ့ MWC 2017 ပွဲမှာ ထုတ်ဖော်ပြသခဲ့ပြီး ယခုအခါမှာ ပိုပြီးကောင်းတဲ့ Snapdragon 835 CPU ကို အသုံးပြုထားတဲ့ LG G6 Pro နဲ့ LG G6 Plus ဖုန်း အမျိုးအစား ၂ မျိုးကို မကြာခင် ဂျွန်လ ၂၇ ရက်နေ့၊ တောင်ကိုရီးယားနိုင်ငံမှာ ကြေငြာသွားဖို့ ရှိတယ်လို့သိရပါတယ်။ 

                LG G6 Pro ရော LG G6 Plus ရော လက်ရှိ LG G6 ထက်ဈေးပိုကြီးမှာဖြစ်ပြီး G6 Pro က $715 ဝန်းကျင်၊ G6 Plus က $890 ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဈေးပိုကြီးလာတာနဲ့အမျှ Specifications နဲ့ Performance လည်းပိုကောင်းလာမှာဖြစ်ပြီး LG G6 Plus ကတော့ လက်ရှိ LG G6 ထက် ပိုပြီး အရွယ်အစားကြီးမှာဖြစ်ပါတယ်။ LG G6 Plus မှာ Wireless Charging နည်းပညာအသစ်နှင့် 128GB Storage ပါဝင်မှာဖြစ်ပြီး G6 Pro မှာတော့ 32GB Storage ပဲပါဝင်ဦးမှာပါ။ 

                ဒါပေမယ့် LG G6 နဲ့ G6 Pro ကို ခွဲခြားနိုင်ဖို့အတွက် LG ကနေ G6 Pro အတွက် သီးသန့်အရောင်ဖြစ်တဲ့ Astro Black Color ကို မိတ်ဆက်သွားမှာဖြစ်ပြီး၊ ကိုယ်ကြည့်တဲ့နေရာပေါ်မူတည်ပြီး အရောင်ပြောင်းလဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

                အဆိုပါ အသစ်ထွက်ရှိမယ့်ဖုန်း ၂ လုံးစလုံးမှာ လက်ရှိတောင်ကိုရီးယားနိုင်ငံအတွင်း စတင်အသုံးပြုနိုင်နေပြီဖြစ်တဲ့ LG Pay စနစ်အသစ်ပါ တစ်ခါတည်းပါဝင်လာမှာဖြစ်ပါတယ်။

References
Android Community
About Author
Assinged Tags
Smartphones Snapdragon 835 LG LG G6 LG G6 Plus LG G6 Pro LG Pay
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed