မကြာခင် ကျင်းပတော့မယ့် Apple ရဲ့ WWDC ပွဲမှာ MacBook Pro အသစ်တွေကို မိတ်ဆက်မည်

date_range 02 June 2017

မကြာခင် ကျင်းပတော့မယ့် Apple ရဲ့ WWDC ပွဲမှာ MacBook Pro အသစ်တွေကို မိတ်ဆက်မည်

visibility 300 Views

                Apple Company ရဲ့ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ WWDC Conference ပွဲကို ဒီနှစ်မှာလည်း June လ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

                ဒီနှစ်မှာတော့ Apple ကနေပြီးတော့ သူ့ရဲ့ ထိပ်တန်း MacBook Pro တွေကို အဆင့်မြှင့်တင်ပြီး ပြသမယ်လို့ ခန့်မှန်းထားကြပါတယ်။ သည်အချက်ကို ပိုပြီးသေချာတာကတော့ လက်ရှိ MacBook Pro Laptop တွေရဲ့ Shipping Dates တွေကို June 5 ရက်နေ့ နောက်ပိုင်း WWDC ပွဲအချိန်ကို ရွေ့သွားတာပဲဖြစ်ပါတယ်။ MacBook Pro ရဲ့ အဆင့်မြှင့်တင်မှုတွေမှာ Intel ရဲ့ နောက်ဆုံးထွက် Kaby Lake CPU တွေ၊ 32GB RAM နဲ့ အခြားအဆင့်မြှင့်တင်မှုတွေပါဝင်လာနိုင်မှာပါ။ 


                အခြားသတင်းတွေအရ Apple က 15 Inch MacBook Pro တွေအပြင် 12 Inch New Macbook ကိုပါ အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။ ဒါအပြင့် Apple ရဲ့ ထုတ်ကုန်အသစ်တစ်ခုဖြစ်လာမယ့် Siri Speaker နဲ့ 10.5 Inch iPad Pro ကိုလည်း WWDC မှာတွေ့မြင်ရဖို့ ရှိမှာပါ။ 

References
GSM Arena
About Author
Assinged Tags
MacBook Pro Rumors
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed