Qualcomm Snapdragon 660 CPU အသစ်ကို ပထမဆုံးအသုံးပြုမယ့် Oppo R11 ရဲ့ ပုံရိပ်များထွက်ပေါ်

date_range 30 May 2017

Qualcomm Snapdragon 660 CPU အသစ်ကို ပထမဆုံးအသုံးပြုမယ့် Oppo R11 ရဲ့ ပုံရိပ်များထွက်ပေါ်

visibility 550 Views

                Oppo ရဲ့ နောက်ဆုံး Flagship ဖုန်းတစ်ခုဖြစ်လာမယ့် Oppo R11 ကို ဂျွန်လ ၁၀ရက်နေ့မှာ ကြေငြာတော့မှာဖြစ်ပါတယ်။

                ပြီးခဲ့တဲ့ရက်အနည်းငယ်က ကြေငြာခဲ့တဲ့ Xiaomi Mi Max ကို Qualcomm Snapdragon 660 CPU အသစ်ကို သုံးမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် Snapdragon 625 နဲ့ပဲ ထွက်ရှိလာခဲ့တဲ့အတွက် အခု Oppo R11 ဟာ ပထမဆုံး Snapdragon 660 သုံးထားတဲ့ဖုန်းတစ်ခုဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ 

                အခုတစ်ကြိမ်ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေကို ကြည့်မယ်ဆိုရင် Metal Body ကို အသုံးပြုထားပြီး Dual Camera Setup ကို ထင်ထင်ရှားရှားမြင်ရမှာဖြစ်ပါတယ်။ အရှေ့ဘက်မှာ Oppo ဖုန်းတွေလိုပဲ Home Key နဲ့ ပါးလွှာတယ်လို့ ပြောလို့ရတဲ့ ဘေးဘောင်တွေကို ကြည့်ခြင်းအားဖြင့် အရည်အသွေးမြင့် ဖုန်းတစ်လုံးဖြစ်လာဦးမယ်လို့ ခန့်မှန်းရပါတယ်။ 

                TENAA ကထွက်လာတဲ့ List အရ Oppo R11 ဟာ Snapdragon 660 CPU, 4GB RAM နဲ့ Internal Memory 64GB ပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ Back Camera တွေက 16MP + 20MP Dual Camera ပါဝင်လာမှာဖြစ်ပြီး Selfie Camera ကလည်း 20 MP ရှိမှာဖြစ်ပါတယ်။ Display ကလည်း 5.5" Full HD AMOLED Display ဖြစ်ပြီး 2900mAh Battery ပါဝင်မယ်လို့ ဆိုထားပါတယ်။ 

                June လ ၁၀ ရက်နေ့ Launch Event မှာ Oppo R11 အပြင် Oppo R11 Plus ကိုပါ ထုတ်ပြသွားမယ်လို့ ခန့်မှန်းရပြီး RAM 6GB, ၆ လက်မ Display နဲ့ ပိုပြီး ကြီးမားတဲ့ Battery ပါဝင်မယ်လို့ ယူဆရပါတယ်။ 

References
GSM Arena
About Author
Assinged Tags
Qualcomm OPPO Snapdragon 660 Oppo R11
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed