Sony မှ Xperia X1 ၊ XZ1 နဲ့ Xperia XZ1 Compact ဖုန်းများ ထုတ်လုပ်လာဖွယ်ရှိ

date_range 23 May 2017

Sony မှ Xperia X1 ၊ XZ1 နဲ့ Xperia XZ1 Compact ဖုန်းများ ထုတ်လုပ်လာဖွယ်ရှိ

visibility 350 Views

                Sony ဟာ စမတ်ဖုန်းလောကမှာ Popular သိပ်မဖြစ်တော့ပေမဲ့ Sony အသုံးပြုသူများဟာလည်း အသင့်အတင့်ရှိနေသေးတာမို့ ဆက်လက်ပြီး စမတ်ဖုန်းသစ်တွေမိတ်ဆက်လာဖို့ရှိပါတယ်။ လက်ရှိ စမတ်ဖုန်းလောကမှာ တရုတ်အခြေစိုက်ကုမ္ပဏီအချို့နဲ့အတူ Samsung ကပါ အများစုကို ချုပ်ကိုင်ထားတာကြောင့် ၂၀၁၅ နောက်ပိုင်းမှာ Sony အနေနဲ့ စျေးကွက်ထဲ ၀င်ရောက်ထိုးဖောက်ဖို့ အနည်းငယ်အခက်အခဲရှိခဲ့ပါတယ်။ Sony စမတ်ဖုန်းတွေဟာ Top Sellers စာရင်း၀င်ရောက်ဖို့ မသေချာပေမဲ့ တင်ဆက်ခဲ့တဲ့ စမတ်ဖုန်း Model တိုင်း အရည်အသွေးနိမ့်နေတာမျိုးတော့ လုံး၀မရှိခဲ့ပါဘူး။

                အခုအခါမှာတော့ Sony အနေနဲ့  Xperia X စမတ်ဖုန်းအသစ် သုံးမျိုးဆက်လက်မိတ်ဆက်မယ်လို့ ကောလဟာလတွေထွက်ရှိလာပါတယ်။ Sony Xperia X1 ဟာဆိုရင် Mid-range ဖုန်းတစ်လုံးအနေနဲ့ထွက်ရှိလာမှာဖြစ်ပြီး မျက်နှာပြင် ၅ လက်မ၊ 1920 x 1080 pixel resolution၊ 4GB RAM၊ 2800 mAh ဘက်ထရီ နဲ့အတူ Snapdragon 660 Chipset ပါ၀င်လာမှာပဲဖြစ်ပါတယ်။ Sony Xperia XZ1 Compact ဟာဆိုရင်တော့ XZ1 ဖုန်းအသေးစားသဖွယ်ထွက်ရှိလာမှာဖြစ်ပြီး Specifications အနေနဲ့ မျက်နှာပြင် ၄.၆ လက်မ၊ 720 x 1280 pixel resolution၊ 2800 mAh ဘက်ထရီ၊ 4GB RAM နဲ့ Snapdragon 835 processor သုံးထားမှာဖြစ်ပါတယ်။ သေးငယ်ပြီး Resolution နည်းပေမဲ့ Performance ကိုပိုကြိုက်တယ်ဆိုရင်တော့ XZ1 Compact ကို၀ယ်ယူရမယ့်သဘောမှာရှိပါတယ်။

                အားလုံးစိတ်၀င်စားလောက်မယ့် Flagship Series ဖုန်းအသစ် Sony Xperia XZ1 ကတော့ မျက်နှာပြင် ၅.၂လက်မ၊ 1920 x 1080 pixel resolution၊ 4GB RAM၊ 3000 mAh နဲ့ Snapdragon 835 processor ပါ၀င်လာမှာပါ။ ထွက်ရှိလာမယ့်ဖုန်းတွေအကုန်လုံးမှာ ဆက်တိုက်ဓာတ်ပုံရိုက်ယူ (Continuous Shooting) တဲ့အခါမှာ Full Pixel ထွက်နိုင်မယ့် 19 Megapixel Camera ပါ၀င်လာဖွယ်ရှိပါတယ်။

                XZ1 နဲ့ XZ1 Compact အနေနဲ့ လက်ရှိကောလဟလအရတော့ Pixel Resolution၊ မျက်နှာပြင်အကျယ် နဲ့ ဘက်ထရီလောက်ပဲ ကွာခြားချက်ရှိတာကိုတွေ့ရှိရမှာပါ။ Processor ကတော့ Snapdragon 835 သုံးထားတာချင်းအတူတူပါပဲ။ ဒါပေမဲ့လည်း Sensor အကြောင်းတွေ၊ ဘယ် Network ကို ဘယ်လို Support ပေးမယ်ဆိုတာတွေ နဲ့အတူ Internal Storage ဘယ်လောက်ပါပြီး External Storage အတွက် SD Card Slot ဟာ ဘယ်ဖုန်းမှာပါ၀င်မယ်၊ ဘယ်လောက်အတိုင်းအတာအထိ Support ပေးမယ်ဆိုတာကို ကျွန်တော်တို့ မသိရှိရသေးတာကြောင့် သိရှိတာနဲ့တစ်ပြိုင်နက်တည်း ကွာခြားချက်တွေကိုထပ်မံဖော်ပြပေးသွားပါမယ်။

References
Android Community
About Author
Assinged Tags
Android Sony Sony Xperia Android Phone Sony Xperia X1 Sony Xperia XZ1 Sony Xperia XZ1 Compact
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed