Samsung ရဲ့ ပထမဆုံး Dual-Camera စမတ်ဖုန်းဖြစ်လာနိုင်တဲ့ Galaxy C10

date_range 23 May 2017

Samsung ရဲ့ ပထမဆုံး Dual-Camera စမတ်ဖုန်းဖြစ်လာနိုင်တဲ့ Galaxy C10

visibility 6650 Views

                Samsung လည်း Dual-Camera ဖုန်းတွေ ရေပန်းစားနေတဲ့စျေးကွက်ထဲကို Galaxy မော်ဒယ်သစ် ဖုန်းတစ်မျိုးနဲ့ ဝင်ရောက်လာတော့မှာဖြစ်ပါတယ်။

                လတ်တလောထွက်ပေါ်လာတဲ့ဓာတ်ပုံတွေအရ Samsung ဟာ Dual-Camera Setup ပါတဲ့ C10 စမတ်ဖုန်းကို ထုတ်လုပ်ဖို့ ရှိနိုင်ပြီး၊ Samsung ဖုန်းတွေထဲမှာ ပထမဆုံး Dual-Camera ပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာဖို့ ရှိပါတယ်။

                Galaxy Note 8 မှာလည်း Dual-Camera ပါဝင်နိုင်တယ်လို့ သတင်းထွက်နေတာကြောင့်၊ C10 နဲ့ Note 8 ထဲမှာ အရင်ထွက်လာမယ့်ဖုန်းက ပထမဆုံး Dual-Camera Samsung ဖုန်း ဖြစ်လာမှာပါ။

                Weibo ကနေ တဆင့်ထွက်ပေါ်လာတဲ့ Galaxy C10 စမတ်ဖုန်းဓာတ်ပုံမှာ Dual-Camera ၊ သတ္တုကိုယ်ထည်နဲ့ အပေါ်ဘက်အင်တာနာလိုင်းတွေကိုပဲ သိသိသာသာမြင်တွေ့ရပြီး၊ ဖုန်းတစ်ခုလုံးရဲ့ ဒီဇိုင်းအတိအကျနဲ့ အသုံးပြုထားတဲ့ Specifications အပြည့်အစုံကိုတော့ မသိရသေးပါဘူး။

References
Gadgets NDTV
About Author
Assinged Tags
Samsung Galaxy C10 Galaxy Note 8 Dual Camera Smartphones
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed